Chapter 11(Unicode)

92 3 0
                                    

"ခန့်ပိုင်"

"အာကာမောင် မင်းကငါ့သူငယ်ချင်းရှေ့မှာ မတ်မတ်လာရပ်ရဲသေးတယ်ပေါ့"

စက်သူငယ်ချင်း ခန့်ပိုင်အခန်းတွင်းသို့ရောက်လာခြင်းဖြစ်၏။ စက်ရဲ့တူလေးဟာလည်း တောင့်တောင့်ကြီးရပ်နေသည်။

"သမီးတို့ ဆရာ လှည့်ရမှာ ဒီလူနာနောက်ဆုံးမဟုတ်လား"

"ဟုတ်ပါတယ်ဆရာ"

"အဲ့တာဆိုရပါပြီ ဆရာမှာတဲ့ ဆေးတစ်ချို့ပြောင်းချိတ်ပေးပါ သွားလို့ရပါပြီ"

သူနာပြုကလေးများ ထွက်သွားတော့မှ အသိပြန်ဝင်တော့သည်။ မျက်စိရှေ့က လူများဟာ လေးငယ်ဘဝထဲကလူများပေါ့။

"မောင်...လေးငယ်ရဲ့မောင်လားဗျ"

"သားကနွေဦးမဟုတ်လား ငယ်ရုပ်ကလေးဖမ်းလို့ရလို့တော်သေးတယ် ဦးက ခန့်ပိုင်လေ သား E-mail ရောက်လို့ ချက်ချင်းပြန်ခဲ့တာဘဲ စက်ရှိန်က ဦးကိုအဆက်သွယ်ဖြတ်ထားတာကြာပြီကွ"

ဦးခန့်ပိုင်ကဝင်ဖြေ၏ ဦးနှောက်နဲ့အာရုံကြောအထူးကုသမားတော်ကြီးဦးအာကာမောင်ကတော့ အသံမထွက်နိုင်သေး။

"သား...စက်ကလေ ဒီကာလတွေအတွင်း ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းခဲ့ရလား"

"ဘယ်လိုတောင်မျက်နှာပြောင်တိုက်မှုမျိုးလဲ အာကာမောင်ရဲ့ ငါ့သူငယ်ချင်းအရူးကောင်ကို အရူးလုပ်ပြီး နိုင်ငံခြားထွက်၊ ပြန်လာတော့ ငါမပြောလိုက်ချင်ဘူး...မင်းပါးစပ်က ထွက်ရဲပနော်"

လေးငယ်သူငယ်ချင်း၏ ဒေါသသည်အရှိန်မသေသေး။ အေးဆေးလွန်းသူ သူငယ်ချင်ကြောင့် ဘယ်လောက်ပူလောင်နေလိုက်မလဲ...။

"လေးငယ်က ပျောက်ဆုံးနေခဲ့တာပါ, သူ့မျက်လုံးတွေက အမြဲထိုင်းထိုင်းမှိုင်းမှိုင်းဖြစ်နေခဲ့တာ"

အသက်လေးဆယ်ကျော်လူတစ်ယောက်က စကားတစ်ခွန်းတည်းနဲ့ မျက်ရည်တွေ တစ်ပေါက်ချင်းကျလာလိုက်တာမျာ၊ ကြောက်စရာတောင်ကောင်းခဲ့ပါရဲ့။ ဦးခန့်ပိုင်နဲ့ ဦးအာကာမောင်တို့ နှစ်ယောက်ကို အခန်းထဲက ခုံမှာ ထိုင်ခိုင်းပြီးစကားသေချာပြောဖို့ပြင်ရပါတော့တယ်။

ပိုးမကူ ဝါချည်ဖြူတပင်ရစ်ကယ်နှင့် (Uni + Zaw) CompleteWhere stories live. Discover now