Chapter 4 (Unicode)

105 5 0
                                    

လေးငယ်၏ လက်ကလေးအာ ရေစိုဝတ်ဖြင့် သုတ်ပေးမိသည် အလွန်အင်မတန်အသန့်ကြိုက်လှသော လေးငယ်ထံပါး ကရမက်နံ့ပျောက်၍ ဆေးနံ့ရောက်နေမှာ အင်မတန်မနှစ်မျို့လှပါ။ အလုပ်ပိတ်ရက်ဖြစ်၍ လေးငယ်နားသာ ကပ်နေမိသည်။ လေးငယ်ပြောပြသော သူ့အကြောင်းသည်ပင်လျှင် သနားစဖွယ်ရှုချင်ဖွယ်ဖြစ်နေ၏။ နံနက် ၁၀ နာရီတွင် ဆရာဝန်ကြီးများ လာရောက်ကြသေးသည်။ နံနက်တုန်းက စံပယ်တစ်စီး ဆရာမလေးတစ်ယောက်လာပေးသောကြောင့် စားပွဲပေါ်ရှိ ဖန်ကြည်အိုးကလေးထဲ ထိုးလိုက်ရသေးသည်။ စပယ်ပွင့်ကြီးကြီးတို့မှာ ကိုင်းရှည်ရှည် အရွက်စိမ်းစိမ်းတို့အပေါ်မှနေ၍ ရေစက်ကလေးများ တင်ကာ မွှေးချင်တိုင်းမွှေးနေကြသည်။ ဆရာမလေးအား မည်သူပို့ကြောင်းမေးသော်လည်း ရေရေရာရာ မသိရ။ ဆရာဝန်ကြီးပင် ပန်းအိုးကလေးအားကြည့်ကာ ပြုံးသွားသေး၏။ ရေပတ်တိုက်ပြီးသည်နှင့် ချည်စောင်အပါးလေး လွှမ်းပေးထားလိုက်သည် လေးငယ်သည် ချည်ထည်နှင့် ပါတ်သတ်သမျှ ချစ်ခင်သည်။ ဝါမှရလာသော ဤလက်မှုပညာများသည် အနုပညာဟူ၍ပင် ငယ်ငယ်ကပြောဖူး၏။ ကိစ္စအားလုံးပြီးသည်နှင့် လေးငယ်အား သူ၏ ငယ်ဘဝအကြောင်း ပြောပြရဦးမည်။

အံ့သြောသွားသော မယုံနိုင်ခြင်းကြီးစွာသော မောင့်မျက်လုံးတို့အား ကြည့်မိသည်နှင့် အဓိပ္ပါယ်အားလုံး သိနေသည်မှန်း မှန်းဆမိပါသည်။ မောင်ကိုးတန်းအရွယ် အနောက်မှ တကောက်ကောက်လျှောက်လိုက်ချိန် ၈ တန်းကလေးများအား စာပြပေးရင်း မယ်ခွေ၏ ဆေးလိပ်လက်ဆောင် ကဗျာကလေးအား ကျူရှင်ဆရာပေါက်စက ဖတ်ထားဖူးသော ကြားဖူးသော အဓိပ္ပါယ်တို့အား ရှင်းပြမိသည်။

" ဆေးလိပ်လက်ဆောင်

မဝယ်ဘူး မယ်ခူးတဲ့ဖတ်စို၊

မီးမကူ၊ နေပူမှာမကင်အားတာကြောင့်

ထားရတယ်အိပ်ရာအောက်မှာ၊

မင်းသောက်ဖို့ကို။

ငြှာအနား ရှေ့သွားနှင့်ကိုက်လို့တို၊

မချို့တောင့်လိပ်ဆေး၊

ပိုးမကူ ဝါချည်ဖြူတပင်ရစ်ကယ်နှင့်၊

ပိုးမကူ ဝါချည်ဖြူတပင်ရစ်ကယ်နှင့် (Uni + Zaw) CompleteWhere stories live. Discover now