‌စိတ်ဝယ်လေးနက် ဆင်ခြေတပ်သည်

52 2 0
                                    

အပိုင်းနည်းလွန်းပေမဲ့ ဆက်ရေးဖို့ရှိနေသေးတဲ့ ပိုးမကူဝါချည်ဖြူတစ်ပင်ရစ်ကလေးကို ဖက်ပေးနေတဲ့ အယောက်စီတိုင်းကို မေတ္တာနဲ့ ဦးဆုံးချိတ်ဆက်ပါရစေ။ ပထမဦးဆုံးရယ်လို့ သေချာစဉ်းစားပြီးရေးလိုက်ရတဲ့ စာကလေးကို ယူနီကုတ်ရော ဇော်ဂျီပါ ဖတ်ပေးကြသူ၊ ‌ပွေ့ပိုက်ပေးကြသူတွေကို အနူးညွတ်ကျေးဇူးတင်ရင် တောင်းပန်ပါရစေ။ update မကြာစေရပါဘူးပြောတဲ့ကတိကိုများ လွယ်လွယ်ပေးပြီး လွယ်လွယ်ဖျက်နိုင်တယ်ဆိုတဲ့ စိတ်များဝင်သွားရင် ဒေါသစေတသိက်ဖိစီးတက်တာကြောင့် ပင်ပန်းမှာ စိုးရိမ်မိပါတယ်။စိတ်ဟာ အလုံအလောက် အသက်မရှူနိုင်တော့တဲ့အခါ စိုးရိမ်ခြင်းကြီးစွာ အသက်မွေးရတဲ့အခါ ဖန်တီးနိုင်မှုနည်းခဲ့ရပါပြီ။ ဒါ့ကြောင့် ရက်ပေါင်း ၅၀ လောက် ခွဲခွာခွင့်ပြုပါလို့ အလေးအနက်တောင်းဆိုကြည့်ချင်ပါတယ်။ တကယ်လို့များပေါ့ သတိတရရှိနေရင် မေလရဲ့ ပထမဦးဆုံးအပါတ်ထဲ စက်တို့နဲ့အတူ ပြန်လာခဲ့ပါရစေ။ သတိတရဆိုတာအထိမမျှော်မှန်းရဲပေမဲ့ အမှတ်တမဲ့လေးဖြစ်ဖြစ် မေလဆန်းပိုင်းမှာ ဝင်ကြည့်ပေးကြရင် ကျေးဇူးတင်မိနေမှာပါ။

မောင်ကံ(၆.၃. ၂၀၂၃)

ပိုးမကူ ဝါချည်ဖြူတပင်ရစ်ကယ်နှင့် (Uni + Zaw) CompleteWhere stories live. Discover now