🚨ပုံနှိပ်ခြင်းနှင့် စိတ်ရောဂါ🚨

43 1 0
                                    

ဒီစာကိုလည်း ဖတ်ပေးကြမယ်လို့ယုံကြည်ပါတယ်။ ကျွန်တော်က တခုခုဆို အများကြီးတွေးနေတက်တဲ့လူပါ။ ကျွန်တော့်အတွက် လုံးချင်းဟာ ဒီပိုးမကူက အစဦးဆုံးပါပဲ ဒီမတိုင်ခင်တော့ ဝတ္ထုတိုတွေ၊ အက်ဆေးတွေ၊ ကဗျာတွေ တခါတလေတော့ ရတုတွေ ဒါမျိုး စိတ်ကူးပေါက်ရာရေးလိုက် မဂ္ဂဇင်းတွေပို့လိုက် လုပ်နေတဲ့လူပါ။ ကျွန်တော်ကိုယ်တိုင် စာရွက်ပေါ်မှာ ဘော့ပင်နဲ့ စာမရေးတော့ပေသိ စာဖတ်တဲ့အခါ စာအုပ်ကလေးနဲ့ စာရွက်နံ့ရှူရှိုက်ရင်း ဖတ်ရတာကို သဘောကျတဲ့လူပါ၊ ဒီတော့ စာကလေး တပုဒ်စနှစ်ပုဒ်စ ရေးလာရင်း ကိုယ်ရေးထားတာလေးတွေကို စာရွက်ကလေးတွေပေါ်မှာ ပုံနှိပ်စာလုံးလေးတွေပုံစံ မြင်ချင်လာပါတယ်၊ ဒါက စာရေးသူရဲ့လောဘဖြစ်ပါလိမ့်မယ်၊ ဒီ့အတွက် စာမူကို စာအုပ်တိုက်များစွာ ပို့ခဲ့ဖူးပါတယ် တစ်ချို့ Bl ထုတ်တဲ့ တိုက်တွေ၊ ရိုးရိုး တိုက်တွေ စုံနေတာပါဘဲ။ ကျွန်တော့ကို e mail  တစ်ကြောင်း၊ စာတိုတလုံး ပြန်မပို့ကြပါဘူး။ တချို့ကတော့ ဖုန်းကိုင်တယ် ‌"ကျွန်မတို့တိုက်နဲ့ လက်တွဲလုပ်ဖို့ မဖြစ်နိုင်ပါဘူး" ဆိုတာမျိုး ကြာရပါတယ်။ ဒီအခါ အတွေးများတဲ့ ကျွန်တော်ဟာ ဝေဖန်သံမကြားရပေမဲ့ အတွေးအများကြီးတွေးပါတော့တယ်။ ကျွန်တော်ရေးတဲ့ စာတွေဟာ စာပေအဆင့်အတန်းမရှိလို့လား၊ ဖေတော့မောင်တော့ မဖတ်သင့်လို့လား ဘာလို့များပါလိမ့်ပေါ့။ ဒါ့ကြောင့်ဘဲ ကျွန်တော့စာကို ဖတ်ကြသူတွေကို ကျွန်တော်ကအကြံပြု‌ ပေးဖို့ တောင်းဆိုတာပါ၊ ကျွန်တော့မှာ လားပေါင်းများစွာနဲ့ မျောက်မီးခဲကိုင်ထားရတာ ရက်မနည်းတော့ပါဘူး၊ တခါတလေတော့ ငါမရေးတော့ဘူးလုပ်တာမျိုးရှိပါတယ် ဒါပေမဲ့ ကျွန်တော့ဝါသနာက ကျွန်တော့ကို လက်လျှော့ခွင့်မပေးပါဘူး။ တကယ်လို့များပေါ့လေ ဒီစာကို မြင်ကြလို့ ကျွန်တော့ကို အကြံပေးချင်တာရှိရင်ပေးနိုင်ကြပါတယ်၊ ကျွန်တော်ကလည်း ကျွန်တော်ပါ စာအုပ်သာထုတ်ချင်တာ ဘယ်စာအုပ်တိုက်နဲ့မှမသိသလို ဘယ်လိုလုပ်ငန်းစဉ်ရှိလဲမသိရိုးအမှန်ပါဘဲ၊ ဒီတိုင်း ကိုယ်ရေးထားတာလေးကို သူတို့ လက်ကကိုင်ဖတ်နေကြတာတွေ့ရင် ပျော်မိမယ်တော့ ထင်သား။ တခါတခါကျတော့လည်း ခေတ်ရဲ့ စက္ကူဈေးတွေကြောင့် သူတို့ငါစာမူကလေးကို ချောင်ထဲထိုးထားတာဖြစ်မှာပါ၊ ဖတ်သူနည်းတဲ့စာအုပ်ဖြစ်နေလို့ ငါအများကြီး မမျှော်လင့်သင့်ဘူး ဆိုတာမျိုးတွေကလည်း ကျွန်တော့မှာ ဖြေသိမ့်ရပေါင်းများပါပြီ။ ဘယ်လိုဘဲဖြစ်ဖြစ် ကျွန်တော်ကောင်းတာတွေ အများကြီး ရေးသွားနိုင်ဦးမလား ကြိုးစားကြည့်ပါဦးမယ်။

မှောင်မှောင်သမျှဝဲဩောဂမှလွတ်ကြပါစေ စိတ်၌ရည်သည် အေးချမ်းခြင်းတို့ရှိပါစေ။

မောင်ကံ

ပိုးမကူ ဝါချည်ဖြူတပင်ရစ်ကယ်နှင့် (Uni + Zaw) CompleteWhere stories live. Discover now