Chapter 6 (Unicode)

86 4 0
                                    

မည်သူမျှမရှိနေသော လူနာခန်းလေးထဲ အိတ်အား ဖွဖွချလိုက်သည်။ လက်ထဲမှ စံပယ်တစ်စည်းအား ဖန်ပန်းအိုးလေးထဲ ထိုးစိုက်လိုက်၏။ လူနာကုတင်ထက် လှဲလျှောင်းနေသည့် ဖြူလျှလျှ ပုံရိပ်ကလေးမှာ အစဥ်သဖြင့် ငြိမ်းချမ်းနေသည်။ လူနာကုတင်ဘေး ခုံပုလေးပေါ်ထိုင်ရင်း အပ်ပေါက်ရာများရှိသော လက်ဖမိုးကလေးအား အသာမယူလိုက်သည်။ နှာသီးဖျားကလေးနှင့် ထိလိုက်မိရုံနှင့်ပင် အတိတ်မှ အရိပ်တို့အလုံးအရင်း နှလုံးသားဆီသို့ ခုန်ပေါက်ဝင်ရောက်လေ၏။

"မောင့်ကို ခုထိ ပြုစားတုန်းပါလားစက်ရယ်"

ကြည့်လို့မဝနိုင်သလို တစ်ဖဝါးမှခွဲမနေချင်ပါ။ သို့သော် အခြေအနေအရပ်ရပ်အား လက်ခံရမည်မဟုတ်ပါလား။ အိတ်အား ပြန်ကောက်ကာ အခန်းအပြင်သို့ ထွက်လာခဲ့သည်။ နှဖူးပြင်ပြန့်ပြန့်ပေါ်သို့ အနမ်း ခြွေခဲ့ရန်လည်း မမေ့ခဲ့ပါ။

နတ်မောက်လမ်းပေါ်သို့ကားအားဆွဲတင်ကာ ဗိုလ်ချုပ်ကြေးရုပ်ဘေးရှိ Royal Garden ဘေးမှ ကန်တော်ကြီးအတွင်း မောင်းဝင်သွားလိုက်သည်။ ပြည့်ကျပ်နေသမျှ ဤနေရာတွင်သာ ဖြေဖျောက်လျှင်အဆင်ပြေနိုင်၏။ အတိတ်မှ ပုံရိပ်တို့သည်လည်း တစ်စပြီး တစ်စ ဝင်ရောက်လာသည်။ စက်တားနေသည့်ကြားမှ ဒီကောင်က မေမေ့ကို ပြောဖြစ်အောင်ပြောလိုက်သည်။

"သားငယ်ဘယ်ကပြန်လာတာလည်း" ဟူသော အမေးသည်ပင် ဒီနေ့ကျောင်းကို မရောက်ခဲ့တာ သူသိနေပြီ ဟုနှစ်ဦးနှစ်ဖက်သိစေသည်။

"ကန်တော်ကြီးကပြန်လာတာ၊ စက်နဲ့အတူ"

"သားက သူငယ်ချင်းနဲ့ အတူ ထူးထူးဆန်းဆန်းသွားလည်လို့ပါလား၊ အေးအေး အပေါ်တက်တော့လေ"

ချိုလွန်းတယ်၊ မေ့မေ့အသံအရမ်းချိုလွန်းနေတယ်။ ဒါဘယ်အခါးကို ဖုံးချင်နေတာလဲ သိစရာမလိုတော့။ စိန်တွေ ကျောက်တွေကို အကဲဖြတ်နေတဲ့ မေမေက ဒီသားရဲ့ဘယ်ခါးသက်သက်အပိုင်းကိုဖုံးချင်လို့ ချိုပြနေသလဲ မေးစရာကိုမလိုပါ။

"စက်က သူငယ်ချင်းလို့မေမေထင်သလားဟင်"

ပျက်သွားသော မျက်နှာနှင့် မျက်လုံးတွင်းမှ အရိပ်တို့အား တွေ့လိုက်ရသည်။ မောင့်ကို ခွင့်လွှတ်တော့ စက်ရယ်။

ပိုးမကူ ဝါချည်ဖြူတပင်ရစ်ကယ်နှင့် (Uni + Zaw) CompleteWhere stories live. Discover now