Chapter 8 (Unicode)

101 4 0
                                    

သုံးကြိမ်မြောက်တံခါးခေါက်သံအဆုံး မောင့်သူငယ်ချင်းဆိုသူ တံခါးဖွင့်ပေးလာ၏။ စိုရွှဲနေသော မောင်နှင့် သူ့ကိုကြည့်ရင်း အံ့သြောနေသည်။ နောက်မှ

"ဟေ အာကာမောင် ဝင်ကြ၊ ဝင်ကြ၊ မင်းတို့က ညကြီးအချိန်မတော်ပါလားကွ"

"အချိန်မတော်တာနောက်ထား ငါတို့ဒီနားမှာကားပျက်သွားတာနဲ့ မင်းဆီမှာ တစ်ညလောက်တည်းလို့ရမလားလို့"

"ရပါ့ဗျာ၊ ရပါ့ ဝင်ကြစမ်းပါ အအေးပတ်ကုန်ကြလိမ့်မယ်"

မောင့်သူငယ်ချင်းထုတ်ပေးသော လုံချည်နှင့် အင်္ကျီအား လဲလိုက်ကြပြီး ကျေးဇူးတင်ရသေးသည်။

"ငါကစာကြည့်ပြီး အိပ်တော့မလို့ကွ တံခါးခေါက်သံကြားတာနဲ့ ချက်ချင်းဖွင့်လိုက်တာ"

"အေးကွာ ကျေးဇူးပါ။ ငါ့ကားကလဲဒီနားမှထိုးရပ်သွားတယ်၊ ဒါနဲ့ ဒါကငါ့ရဲ့..."

"အစ်ကိုပါ စက်ရှိန်လို့ခေါ်ပါတယ်"

မောင့်စကားမဆုံးခင် ဝင်ဖြတ်ပြောမိသည်။ မောင်က ဘယ်လိုမိတ်ဆက်ပေးမလဲ မသိရသည်က ပိုကောင်းပါသည်။ မောင်ကတော့ ငေးကြည့်နေလေရဲ့။ တစ်ညတာ တည်းခိုရတဲ့ အိမ်ရှင်ကို အနေမခတ်စေလို၍လည်း ပါပါသည်။ အိမ်ဆိုပေသည့် ငှားနေခြင်းဖြစ်မည်။ တစ်ထပ်တိုက်ပုလေးတွင်အိပ်ခန်းတစ်ခန်း ၊ ရေချိုးခန်း၊ အိမ်သာ မီးဖိုချောင်နှင့် ဘုရားခန်းဧည့်ခန်းတို့မှာ ဆက်လျက်ပါသည်။

"ဟုတ်ကဲ့အစ်ကို မိုးသူပါခဗျ၊ ဒါဆိုနားလိုက်ကြပါဦးနော် အိပ်ခန်းမှာ အိပ်ယာပြင်ထားပါတယ်ဗျ"

"မဟုတ်တာဘဲ အစ်ကိုတို့ ဘုရားခန်းမှာအိပ်ပါ့မယ်"

"အားမနာပါနဲ့ ကျွန်တော်က စာကျက်ရင်းလဲအိပ်ပျော်တတ်တာမို့ ဘုရားခန်းမှာ အိမ်တာများပါတယ်၊ အားမနာဘဲ ကောင်းကောင်းအနားယူကြပါ"

"ကျေးဇူးမိုးသူရေ အဲ့တာဆိုငါတို့သွားနားပြီ"

သင်ဖြူးဖျာ နှစ်ယောက်အိပ်ပေါ်တွင် ဖက်ခေါင်းအုံးတစ်လုံးနှင့် စောင်တစ်ထည်သာရှိနေသည်။ တစ်ကိုယ်တည်းသမားအိမ်ကိုမှ လာတည်းမိတာ အားနာစရာပင်ကောင်းလှသည်။ စောင်နှင့် ခေါင်းအုံးပိုက်၍ ဘုရားခန်းတွင် အိမ်ရှင်းဖြစ်သူမှာ အိပ်နေတော့သည်။ တိတ်ဆိတ်နေသော အခန်းအတွင်း မီးကလေးတစ်လုံးထွန်းထားသည်၊ မိုးသံလေသံတို့နှင့် လူနှစ်ယောက်၏ နှလုံးခုန်သံတို့မှအပ ဆူညံခြင်းဟူ၍ မရှိပါ။ ဖက်ခေါင်းအုံးကလေးအား မောင်က အလျားလိုက်ချကာ ခေါင်းအုံးဖို့ပြင်သည်။ သူ့ဘေးတွင်လာအိပ်ရန်လည်း ပြော၏။ ခက်တာက နှလုံးအရမ်းခုန်နေ၍ အိပ်ချင်စိတ် တစ်စက်ကလေးမှရှိမနေခြင်းဖြစ်သည်။

ပိုးမကူ ဝါချည်ဖြူတပင်ရစ်ကယ်နှင့် (Uni + Zaw) CompleteМесто, где живут истории. Откройте их для себя