Chapter 3 (Unicode)

128 6 0
                                    

ဒီကနေ့ ကျောင်းပိတ်သော်လည်း အထက်တန်းတုန်းက သူငယ်ချင်း၏ မင်္ဂလာဆောင်သို့ သွားရမည်။ မောင်တို့နှင့်လည်း မျက်မှန်းတန်းမိနေသူမို့ သူလာခေါ်မယ်ပြော၍ စောင့်နေလိုက်၏။ ရှပ်အင်္ကျီအဖြူနှင့် ချည်ချောလုံချည်သာ ဝတ်မိသည် ပိုးအရောများရှိပေမဲ့ မကြိုက်ပါ မဝတ်ချင်ပါ၊ နွေ၊မိုး၊ဆောင်း အမြဲအေးသည့် ချည်ကိုသာ ပေါ့ပေါ့ပါးပါး ဝတ်ရတာ နှစ်ချိုက်၏။ ဆောင်းတွင်းမဝင့်တဝင်ဖြစ်၍ အိမ်အရှေ့ရှိ ဆိတ်ဖလူးပန်းများသည် လေယူရာမွှေးနေသည်။ ဆိတ်ဖလူးပင်ပေါ် နွယ်တက်နေသော ဆောင်တော်ကူးပန်းတို့သည်လည်း မပွင့်သေးသော်ငြား အဖူးများဝေနေ၏။ ဆောင်းတွင်းသို့ လုံးလုံးလျားလျားရောက်လျှင် လေယူရာ ရနံ့တို့ကူးကြလိမ့်ဦးမည်။ ငေးနေရင်း သစ်ပင်အောက်တွင် လူရိမ်မြင်မှ မောင်ရောက်နေမှန်းသိလိုက်သည်။ ချည်သားရှပ်အဖြူအား ပိုးပုဆိုးအပြာဖြင့် တွဲဝတ်ထား၏။ ကတီပါဖိနပ်ပေါ်ရှိ ခြေဖမိုးဖွေးဖွေးသည် အလုပ်ကြမ်း၊လေကြမ်း၊မြေကြမ်း မခဘူးမှန်းသိသာစွာ ဖွေးနေ၏။ သွားရန် အမြန်ထကာ မီးဖိုချောင်ရှိ မမအား လှမ်းပြောခဲ့သည်။

"အာကာ......."

"မောင် လို့ဆိုနေ"

"တော်စမ်းကွာ စကားတောင်ကောင်းကောင်းပြောမရဘူး၊ ရောက်နေတာအသံလှမ်းပေးလိုက်ပေါ့ကွ"

"အရင်နေ့ကကျောင်းကကောင်မလေးအကြောင်းတွေးနေတာမဟုတ်လား၊ ကျွန့်တော့ကြောင့် အတွေးတွေပျက်သွားမှာ စိုးရိမ်လို့လေ"

ကာယကံ့ရှင်မိန်းကလေးတော့မသိ သူ့ကြောင့်အတော်နားပူနေရသည် ကြုံတိုင်း ဒီစက္ကူပုံးသယ်ပေးမိတဲ့အကြောင်းသာ ခလုတ်တိုက်၍ပြောပြောနေသည်။ အာကာမောင်ဟာ တကယ် အဒေါ်ကြီးဆန်သည်။

"မဟုတ်တာတွေပြောမနေနဲ့ နောက်ကျနေမှာစိုးလို့ အမြန်သွားရအောင်"

ကျောကုန်းကိုပုတ်၍ အမြန်ဆော်သြောလိုက်မှ သွားသည်။ မင်္ဂလာဆောင်သည် အရမ်းကြီးကြယ်သည်လည်းမဟုတ် သတို့သားအိမ်တွင် မဏ္ဍပ်ထိုး၍ ဧည့်ခံပွဲလုပ်သည့်ပုံဖြစ်သည်။ ဘုရားခန်းတွင် ဘိတ်သိတ်ခန်းပြင်ထားသောကြောင့် သူငယ်ချင်းဖြစ်သူခေါ်၍ မောင်နှင့်နှစ်ယောက် အတူလိုက်သွားမိ၏။

ပိုးမကူ ဝါချည်ဖြူတပင်ရစ်ကယ်နှင့် (Uni + Zaw) CompleteWo Geschichten leben. Entdecke jetzt