Unicode 13 (Unicode)

232 9 4
                                    

"စက်ရှိန်နဲ့ ဦးတို့ မင်းကိုခေါ်ပြီးရန်ကုန်ကိုပြန်လာနိုင်ခဲ့တယ်။ ဆရာတော်ဘုရားကြီးတွေအကူညီနဲ့ မင်းမိဘတွေအသုဘက အဆင်ပြေပြေပြီးပါတယ်၊ မင်းကိုဘယ်လိုလုရတယ်ဆိုတာတော့ မပြောချင်တော့ဘူး ငါ့သူငယ်ချင်းရဲ့ သေလောက်အောင်ဝမ်းနည်းရတဲ့အခိုက်အတန့်တွေပေါ့၊ ငါ့သူငယ်ချင်းက ရန်ကုန်ကိုရောက်တာနဲ့ကျောင်းမှာ အလုပ်ဆင်းဖို့ မင်းနဲ့အတူနေသားတကျဖြစ်ဖို့ ကြိုးစားရင်း ဒီကောင်တွေသားအမိနှစ်ယောက်ရဲ့ အတ္တတွေကြားမှာလည်း အသုံးတော်ခံခဲ့ရသေးတယ်လေ "

ဦးခန့်ပိုင်ဟာ ဒေါက်တာ့ကို လက်ညှိုးထိုးပြောပြီးဒေါသအလွန်အမင်းထွက်ဟန်ဖြင့် မျက်ခုံးနှစ်ခုကြားနှာရိုးကို လက်ဖြင့်ညှစ်လိုက်သည်။ ဒေါက်တာကတော့ ခေါင်းငုံးလိုက် လေးငယ်ကိုလှမ်းလှမ်းကြည့်လိုက်ရှိရှာသည်။

မောင့်ရဲ့ စက် ရေ...။ စက်ဘယ်လောက်များပင်ပန်းခဲ့မလဲ ဒါကိုမောင်ကလေ စက်ကိုထပ်ပြီး ဒုက္ခတွေပေးခဲ့တာနော်၊ မောင့် ရဲ့ ချစ်ခြင်းကို ကြည့်ပါဦးအချစ်ရယ်...၊ ဒီလိုကောင်ရဲ့ချစ်ခြင်းမေတ္တာဟာ စက်ရဲ့ မေတ္တာတွေနဲ့မတန်လိုက်ပုံများကွာ။ ယူကြုံးမရခြင်းဟာ ငယ်ထိပ်မှနေ၍ ခြေဖျားအထိ အစုန်အဆန် ကူးခတ်နေသည်။ ထိန်းထားရင်းကြားထဲမှာပင် မျက်ရည်တို့ ကျလာပြန်ပြီ။ မောင်ကလေ စက်နဲ့ပတ်သတ်ရင်အမြဲ ထိန်းချုပ်လို့မရနေတာ အခုထိပါလားကွာ။

"ဦး ပြန်လာခဲ့ပါတယ်၊ ဦးကို စက်ရှိတဲ့နေရာပြောပြတာလည်း မေမေဘဲလေ၊ မေမေက အင်မတန်ကြောက်ဖို့ကောင်းလောက်အောင် တော်ပါတယ်၊ နှစ်ပေါင်းများစွာ တကယ့်ကိုနှစ်ပေါင်းများစွာ စက်နဲ့သူ့ကြားက စိန်ခေါ်မှုကို ဦးမသိခဲ့ရိုးအမှန်ပါ၊ ဦး ပြန်ရောက်လာတော့လေ မယုံနိုင်စရာ မေမေကပြောတယ်၊ ဦးရဲ့ကျောင်းစရိတ်ကအစ နေထိုင်းစရိတ်အကုန်လုံးကို သီတာတို့ဘက်ကနေ အကုန်ကျခံပေးထားသတဲ့၊ သမက်ကောင်းရအောင်ပျိုးထောင်တဲ့ မဟာ စီမံကိန်းကြီးထဲ မေမေက ဦးကိုမြှုပ်နှံလိုက်တာဘဲ၊ ရောက်ပြီးမကြာခင် ခြည်ပြီးတုတ်ပြီး ဖိတ်စာတွေပါ အကွက်ကျကျ မေမေကစီမံထားခဲ့တာ။ အဲ့နေ့ကလေ... စက်ရှိတဲ့နေရာကို မေမေပြောပြလို့ရောက်သွားခဲ့တယ်၊ ဖိတ်စာကိုကိုင်ရင်းပေါ့....၊ စက်ဟာ စွပ်ကျယ်ကလေးနဲ့ ပုဆိုးကွက်စိတ်ကလေးဝတ်လို့ စက်မျက်လုံးတွေထဲက ပျော်ရွှင်နေတဲ့ အရိပ်တွေဟာ ဘဝမှာ တွေ့ဖူးသမျှ အတောက်ပဆုံးတွေထက်သာမယ်ထင်တယ်။ မပြောင်းလဲတဲ့ ပုံရိပ်ကလေးကို ပွေ့လိုက်ရတဲ့ တခနဟာ ဒီလောကမှာ ဘာမှထပ်မလိုတော့တာကို သိခဲ့ရတဲ့ အခိုက်အတန့်တွေပါဘဲ။ စက်ကမေးတယ် မောင့်လက်ထဲက ဘယ်သူ့ဖိတ်စာလဲတဲ့၊ မောင့်ဖိတ်စာပါ စက်ရယ် ဆိုတော့ မေတ္တာလှလှလေးက ပြုံးပြရှာတယ် ဖွဖွကလေး စက်ကပြုံးတယ် သူ့မျက်လုံးတွေထဲမှာ အေးမြနေတဲ့ မေတ္တာတွေများ၊ စက်ကိုဦးအကြိမ်ကြိမ်တောင်းပန်ခဲ့တယ်၊ မောင်နဲ့ အဝေးကို ထွက်ပြေးရအောင်ပါစက်ရယ်၊ မောင်မှာ မင်းရှိနေရင်ရပါပြီ၊ ထွက်ပြေးကြရအောင်ပါဆိုတော့ "ဖိတ်စာထဲက မိန်းကလေးရဲ့ သိက္ခာကို မောင်ငဲ့ကြည်ရမယ်တဲ့"လေ။ ဒီလိုမျိုး စက်ကသဘောထားကြီးပေးသလောက် မေမေနဲ့ မောင်က စက်အပေါ်လုပ်ရက်လိုက်တာကွာ၊ မောင်တကယ် မင်းရှေ့မှာ အရိပ်အဖြစ်တောင်မရှိနေသင့်တာပါစက်ရယ် "

ပိုးမကူ ဝါချည်ဖြူတပင်ရစ်ကယ်နှင့် (Uni + Zaw) CompleteWhere stories live. Discover now