1

224K 8.1K 2.3K
                                    

" ဟိတ်​ကောင်မ​​လေးနှစ်​​ယောက် စာမလုပ်ဘဲ တိုးတိုး တိုးတိုးနဲ့ ဘာ​တွေ ​ပြော​နေကြတာလဲ။ နင်တို့နှစ်​ယောက်အသံ ငါ့အခန်းက​တောင် ကြားရတယ်။ "

ကာရံညီညာ၏ အသံကို ကြား​တော့ အခန်းထဲက ​အမွှာနှစ်​ယောက်၏ ​အသံက ချက်ချင်း တိတ်သွားသလို ​ခေါင်း​လေး​တွေလည်း ငုံ့သွားကြသည်။တစ်နှစ်ပဲ အသက်ပိုကြီးတဲ့ အစ်ကိုဆို​သော်ငြားလည်း ကာရံညီညာ့ကို ခင်မီ​ဇော်နဲ့ခင်မီ​ကျော်က ​ကြောက်ပါသည်။

" ဟုတ် "

" လူ​တွေကဖြင့် ကိုးတန်း​ရောက်​နေပြီ။ အ​ခြေခံပါ​အောင် စာ​သေချာ လုပ်မယ်မရှိဘူး။ ​​​ယောကျ်ား​လေး အ​ကြောင်း​တွေ ​ပြော​နေတယ်။ ​နောက်တစ်ခါဆို အ​ဖေနဲ့အ​မေကို တိုင်​​ပြောမယ်။"

ကာရံညီညာက ညီမ​ဖြစ်သူတွေ ဘာအ​ကြောင်း ​ပြော​​နေသလဲ သူသိသည်ဆိုတဲ့အ​ကြောင်းပါ ထည့်သွင်း​ပြောလိုက်သည်။ ဒီ​ကောင်မ​လေး​တွေ ​ပြော​ပြော​နေတဲ့ ​ကောင်​လေးကို သူမသိသည်မဟုတ်ပါ။ Private Schoolတစ်ခုလုံးမှာ နာမည်အကြီးဆုံး စိုင်းစွမ်းထက်ပိုင်ဆိုတဲ့ ရှမ်း၊ဗမာ ကပြား​လေးကို မသိရင်သာ ထူးဆန်းလိမ့်မည်။ ​နောင်ချိုက​​နေ မန္တ​လေးကို ​ပြောင်းလာတဲ့ ရုပ်ရှိ​ရေလျှံ​ကောင်​လေး။လာကြိုသည့် ကားက​တောင် တစ်ပတ်နှစ်မျိုး​လောက် ​ပြောင်းသည်။ Private School ၏ Founderနဲ့ တူဝရီး အရင်းက​တော်​သေးသည်။ ကိုးတန်းအရွယ်နဲ့ မလိုက် ရှည်လျား​သော အရပ်ကြီး​ကြောင့် ကာရံညီညာတို့လို ဆယ်တန်း​ကျောင်းသား​တွေကြားထဲ​​တောင် နာမည်ကြီးသည်။

" ညီမ​လေးတို့ သူငယ်ချင်း အ​ကြောင်း​ပြော​နေတာပါ။ သူက ဒီ​နေ့ ... "

" ​ယောကျ်ား​လေးနဲ့ အ​ပေါင်းအသင်း မလုပ်နဲ့။ မိန်းက​လေးက မိန်းက​လေး သူငယ်ချင်းရှိရင် ​​​​တော်ပြီ။တစ်နှစ်၊တစ်နှစ်နဲ့ မိဘ​တွေက ​ကျောင်းထားရတာ မလွယ်ဘူး။ "

ကာရံညီညာက စကားဖြတ်​ပြောလိုက်သည်။

" ဟုတ် "

နံရံ​လေးသာ ခြားတဲ့ တစ်ဖက်အခန်းက နှစ်​​ယောက်က အသံတိုးတိုး​လေးသာ ပြန်​ဖြေပြီး ငြိမ်သွားကြသည်။ကာရံညီညာက Physics စာအုပ်ကို ထုတ်လိုက်ပြီးမှ အကြမ်းစာအုပ်ကို စားပွဲ​ပေါ်တင်ကာ  Physics Chapter5 စတွက်​​တော့သည်။ စာ​တော်​သော ​ကျောင်းသားမဟုတ်​​သော်ငြား ဂုဏ်ထူးနှစ်ဘာသာ​လောက်​တော့ ပါ​အောင် ​ဖြေချင်ပါသည်။

First Love , Perfect Love (Completed)Where stories live. Discover now