29

61.7K 4.4K 724
                                    

" ဖိတ်စာကို အ​​စောင်တစ်ရာပဲ အပ်မယ်​နော်။ "

မင်္ဂလာဆွမ်းကပ်ကို နှစ်ဖက်လုံးက မိသားစုအပြင် ခင်မင်ရင်းနှီး​နေတဲ့သူ​တွေ၊ လုပ်​ဖော်ကိုင်ဖက်အချို့ကိုသာ ဖိတ်ပြီး အကျဥ်းရုံး လုပ်ဖို့ ဆုံးဖြတ်ထားသည်။ကုတင်​ပေါ် ဝမ်းလျား​လေး​မှောက်ကာ ဖိတ်ရမည့်လူ​တွေကို စာရင်း​ပြုစုနေ​သော ကာရံညီညာ့​ဘေးမှာ စိုင်းစွမ်းထက်ပိုင်က ထိုင်ရင်း ပုံဆွဲ​နေကာ အလုပ်များ​နေသည်။ဖိတ်စာက ပုံမ​ပေါ်​​သေး​ပေမယ့် အခုထဲက ဖိတ်မယ့်လူစာရင်း လုပ်​နေရပြီ။အကျဥ်းရုံးလုပ်မှာဖြစ်သည့်အတွက် ရင်းနှီး​နေတဲ့သူ​တွေ မကျန်ခဲ့ရ​အောင် အထူးဂရုစိုက်ရသည်။

" ​နော်လို့ ... ကိုကို "

သူ့ကို သံ​​ယောင်လိုက်မ​ပေး​တော့ ကာရံညီညာက စိုင်းစွမ်းထက်ပိုင်၏ ​ပေါင်ကို လက်နဲ့လှမ်းကုပ်ရင်း ​ပြောသည်။ ကာရံညီညာ့၏  ​ကျောင်းပိတ်ရက်မို့ စိုင်းစွမ်းထက်ပိုင်ကပါ အလုပ်နားလိုက်ပြီး မင်္ဂလာဆွမ်းကပ်အတွက် ကြိုးပမ်း​နေကြသည်။မတိုင်ပင်ထားဘဲ အနီနဲ့အနက် စပ်ထားတဲ့ ပုဆိုးဆင်တူလည်း အတူတူဝတ်ထားမိ​သေးသည်။

" အင်း ... လူကြီး​လေးဘက်က လူ​တွေလည်း မကျန်ခဲ့​စေနဲ့။ အရမ်းရင်းနှီးတဲ့လူ​တွေပဲ ဖိတ်မှာဆို​တော့ ကျန်ခဲ့ရင် အားနာစရာ ​ကောင်းတယ်။ "

" အင်း "

ကာရံညီညာက သူ့ဘက်က အ​ယောက်​လေးဆယ်စာ​လောက် လူစာရင်းကို ​ရေးပြီး​တော့ ​ညောင်းသွားဟန် အိပ်ယာ​ပေါ် ပက်လက်လှန်ကာ စိုင်းစွမ်းထက်ပိုင်၏ ​ပေါင်တစ်ဖက်ကို ဆွဲကာ ​​ခေါင်းအုံးသည်။

" ခဏကြွဦး​နော် ... ကိုယ်​တင်ပလ္လင်​ခွေ ​ပြောင်းထိုင်​ပေးမယ်။ ဇက်နာသွားလိမ့်မယ်။ "

စိုင်းစွမ်းထက်ပိုင်က ကာရံညီညာ့၏ ​ခေါင်း​လေးကို ခပ်ဖွဖွ​လေး မ,ပြီးမှ ​ခြေဆင်းထိုင်​နေရာမှ ပုံစံ​ပြောင်းထိုင်​ပေးပြီး ​သေချာအိပ်​စေသည်။သို့​ပေမယ့် ကာရံညီညာ၏ ​ခေါင်း​လေးက ​​နေရာမရစွာ အ​ပေါ်တိုးလာ​​တော့ စိုင်းစွမ်းထက်ပိုင်က ​ကာရံညီညာ့၏ ​ခေါင်း​လေးကို လက်တစ်ဖက်နဲ့ အုပ်ကိုင်ရင်းမှ ​ပြောလာသည်။

First Love , Perfect Love (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ