ဇာတ်သိမ်းပိုင်း

92.6K 4.8K 860
                                    

" တစ်ခါလာလည်း ဒီမင်းသက်ထက်၊​နောက်တစ်ခါလာလည်း ဒီမင်းသက်ထက်ပဲ။ အမြဲကို အူတို​နေတာ။ "

ကာရံညီညာက မရှင်းတာကြာသည့် အဝတ်ဗီရိုထဲက အဝတ်အစား​တွေကို ကုတင်​​ပေါ်စုပုံချ​နေရင်းမှ ​ပြောလာသည်။စိုင်းစွမ်းထက်ပိုင်က ကုတင်​​ဘေးမှာ လက်တစ်ဖက်က ခါးကိုခပ်​လျော​လျော​ထောက်ထားရင်း မတ်တပ်ရပ်​နေသည်။

" ကိုယ်ဘယ်တုန်းကများ ခဏခဏသဝန်တိုဖူးလို့လဲ။ "

ကာရံညီညာက ​ကျော​​ပေးကာ ကုတင်​ပေါ် ထိုင်​နေရာမှ ဖြတ်ခနဲလှည့်ကြည့်ပြီး စိုင်းစွမ်းထက်ပိုင်ဆီ တည့်တည့် ဂျင်းအကျီနဲ့​ပစ်သည်။ရန်ဖြစ်စိတ်ဆိုး​နေ​ပေမယ့် လက်မှာအားမထည့်ထားဘူး။မ​ရှောင်ရင် စိုင်းစွမ်းထက်ပိုင် နာသွားမှာစိုးလို့။

" ဘာကို သဝန်မတိုရမှာလဲ။ကိုးတန်းကတည်းက မင်းသက်ထက်ကို အမြဲအူတို​နေတာ​ ဒီအရွယ်ထိပဲ။ရင့်ကျက်ပါဦးလား။ငါ့ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းမှန်း သိလျက်နဲ့ သဝန်တိုတာ လွန်လွန်းတယ်။ "

မင်းသက်ထက်က ကာရံညီညာ့၏ ရင်းနှီးရတဲ့ သူငယ်ချင်းဆိုတာ စိုင်းစွမ်းထက်ပိုင် သိပါသည်။သို့​ပေမယ့် ကာရံညီညာ့ကို ကိုယ်မသိခင်အချိန်က​ရော၊ ကိုယ်နဲ့စသိတဲ့ အရွယ်အပါအဝင် အခုချိန်ထိ မင်းသက်ထက်နဲ့ ကာရံညီညာက ​​ကျောင်းတူ၊အလုပ်အတူရှိ​နေတာကို အူတို​နေတာ ဖြစ်သည်။ အခြားကျောင်းမှာ တာဝန်ကျတဲ့ မင်းသက်ထက်က အခုမန္တ​လေး​ကျောင်းကို ပြန်​​ပြောင်းလာရတာမို့ ကြည့်မရဖြစ်​နေတာ။

" ကိုယ်လည်း ထိန်းချုပ်လို့မှမရတာ။ သဝန်တိုတာကို ဘယ်လိုထိန်းရမလဲ။ နှစ်​​ယောက်လုံးကို စွပ်စွဲ​နေတာလည်း မဟုတ်ဘူး။ယုံလည်းယုံကြည်တယ်။ သူ့ဘာသာ သဝန်တို​နေပြီး မင်းသက်ထက်ကို ကြည့်မရဖြစ်​နေတာပဲ။ရှင်းရှင်း​လေး။ "

" ဘာလို့ကြည့်မရတာလဲ။ သူ့ဘာသာ​နေတဲ့ဟာ။ "

" မသိဘူးဗျာ ... ရှင်းမပြတတ်​တော့ဘူး။ အစ်ကို့ သူငယ်ချင်းကို ကြည့်မရတာက မရတာပဲ။ "

ကာရံညီညာက ​နောက်ထပ်အဝတ်တစ်ဆုပ်နဲ့ ထပ်​ပေါက်သည်။ စိုင်းစွမ်းထက်ပိုင်က ကြမ်း​ပေါ်ကျသွားတဲ့ အဝတ်တစ်ချို့ကိုပါ ​ကောက်လိုက်ပြီးမှ လက်ထဲမှာ လုံးကိုင်ကာ ကုတင်အဖျားမှာထိုင်သည်။ပြီး​နောက် အဝတ်အစားကို ညီ​နေ​အောင် ​ခေါက်သည်။

First Love , Perfect Love (Completed)Where stories live. Discover now