26

68.6K 4.7K 605
                                    

စိုင်းစွမ်းထက်ပိုင် အိပ်ယာ​ပေါ်က ထ,လိုက်​တော့ ကာရံညီညာက စိုင်းစွမ်းထက်ပိုင်၏ လက်​ကောက်ဝတ်ကို ဆွဲထားသည်။ စိုင်းစွမ်းထက်ပိုင်က ထိုင်လျက်ဖြင့် ​နောက်လှည့်ကြည့်ကာ ​မေးလိုက်သည်။

" ဘာလို့လဲ။ "

ကာရံညီညာက ​ခေါင်းရမ်းပြပြန်သည်။ စိုင်းစွမ်းထက်ပိုင်က ဖုန်းမှ နာရီကို ကြည့်လိုက်ပြီး ​ခြောက်နာရီထိုးခါစမို့ ​စော​သေးတာမို့ ကာရံညီညာ​ဘေး ပြန်လှဲကာ ​​စောင်ပုံထဲ ပြန်ဝင်လိုက်သည်။ ကာရံညီညာက စိုင်းစွမ်းထက်ပိုင် အနားချက််ချင်းပင် တိုးကပ်လာကာ စိုင်းစွမ်းထက်ပိုင်၏ ဗိုက်​ပေါ်​ခေါင်းအုံးလာသည်။

" လူအရမ်းကပ်​နေပါ့လား။ "

" ငါ​တောင်းပန်ပါတယ် "

" ဟမ် ... "

ကာရံညီညာက ရုတ်တရက် ​တောင်းပန်လာ​တော့ စိုင်းစွမ်းထက်ပိုင် အံ့သြသွားသည်။ ကာရံညီညာက စိုင်းစွမ်းထက်ပိုင်ကို ​မော့ကြည့်ပြီး အကြည့်ချင်းဆုံမှ ​ပြောသည်။

" ပြီးခဲ့တဲ့ရက်​တွေက ငါ့ဘာသာ စိတ်​​တွေရှုပ်​နေပြီး မင်းအ​​​ပေါ်ပဲ ပုံချမိလို့။ မင်းစိတ်မ​ကောင်း ဖြစ်ရ​အောင်လည်း ​ပြောခဲ့မိတယ်။ ​နောက်ပြီး မရည်ရွယ်​ပေမယ့် ကိုယ်ထိလက်​ရောက်လည်း လုပ်မိသွားတယ်။ အဲ့ဒါထက်ဆိုးတာက မင်းအပြစ်ကိုသာ မြင်ခဲ့ပြီး ငါ့ကိုယ်ငါ​တော့ မှန်တယ်ထင်ခဲ့လို့။ မင်းနဲ့ မ​ခေါ်မ​ပြောဘဲ​နေတယ်။မင်းဘက်က အလိုက်တသိနဲ့ ငါစိတ်ချမ်းသာ​အောင် ​နေခွင့်​ပေးထားတာကိုလည်း ငါ့ကိုပစ်ထားတယ်ဆိုပြီး မင်းကိုပဲ အပြစ်တင်မိတယ်။ငါကအကြီးဖြစ်​နေပါလျက်နဲ့ ဖြစ်ပြီး သွားတဲ့ ပြသနာကို ​ဖြေရှင်းရမယ့်အစား မင်းကိုပဲ အပြစ်တင်​နေခဲ့မိလို့ ​တောင်းပန်ပါတယ်။ "

စိုင်းစွမ်းထက်ပိုင်က ပြုံးလိုက်ပြီး ကာရံညီညာ၏ ဆံပင်​လေး​တွေကို ခပ်ဖွဖွ​လေး ပွတ်သပ်​​ပေးသည်။

" ကျွန်​တော်က နားလည်ပါတယ်ဗျာ။ ​တောင်းပန်စရာမလိုပါဘူး။ ကျွန်​တော်လည်း အလုံးစုံ အပြစ်ကင်း​နေတာမှ မဟုတ်တာ။ "

" မင်းနဲ့မ​ပြေလည်တဲ့ အချိန်မှာ ခွဲ​နေရတာ တကယ်ဆိုးတယ် သိလား။ ​ပြေလည်ခါစ​ရောက်​​​တော့လည်း ​ဝေးရပြန်​တော့ ငါ , မင်းကို တအား လွမ်း​နေတာ။ "

First Love , Perfect Love (Completed)Where stories live. Discover now