11

61.1K 5.3K 1K
                                    

အချိန်​တွေ တ​ရွေ့​ရွေ့နဲ့ ကုန်တာ မြန်လွန်းသည်။ စိုင်းစွမ်းထက်ပိုင် ​ပြောခဲ့သလို သူစာ​မေးပွဲ ​ဖြေပြီးလျှင် အ​ဖြေ​ပေးဆိုသည့်အတိုင်း အ​ဖြေ​ပေးရမည့်​နေ့ ​ရောက်လာပြီ။ကာရံညီညာက နံနက်အ​စောကြီးထဲက နိုး​နေခဲ့တာ။ ငါးနာရီ​ကျော်​လောက်မှာ ​ရေထချိုးပြီး အဝတ်အစားလဲကာ အိပ်ယာ​ပေါ် ပြန်ထိုင်​နေသည်။ Messengerကို ကြည့်လိုက်​တော့ စိုင်းစွမ်းထက်ပိုင်ဘက်က 5Hours Agoဆိုတဲ့ စာသား​လေး ​ပေါ်​နေသည်။

"အ​ဖြေ​ပေးရမယ့်သူက တက်ကြွပြီး အ​​စောကြီး နိုး​နေတာ။ ငါ နည်းနည်းများ အိုဗာဖြစ်သွားလား။ "

ကာရံညီညာက အိပ်ယာ​ပေါ်က ထပြီး မှန်ကို တစ်ချက်ကြည့်သည်။သစ်လွင်​တောက်ပ​နေတဲ့ သနပ်ခါး​ရောင်ရှပ်လက်ရှည်နဲ့ ​ခေါက်ရိုးကျိုး​နေတဲ့ပုဆိုး အနီ​ရောင်က ပုံမှန်ထက် ​ပေါ်လွင်​နေသည်။

" မဖြစ်​သေးပါဘူး။ ငါကအ​ဖြေ​ပေးရမယ့်သူ​လေ။အ​ဖြေတအား​ပေးချင်သလို ဖြစ်​နေပြီ။ "

​တောက်ပမှုကို ​လျော့ချဖို့ ဂျင်းလက်ရှည်ထပ်ဝတ်လိုက်သည်။မှိုတက်အ​ရောင်မို့ ခုနထက်​တော့ အနည်းငယ် မှိုင်းသွားပြီ။မှန်ထဲမှာ ​ပေါ်​နေတဲ့ မျက်နှာကို ကြည့်ရင်း စိုင်းစွမ်းထက်ပိုင် တဖွဖွ ချီးကျူးတတ်တဲ့ မျက်​တောင်​ထူထူကော့​ကော့​လေးကို ​သေချာ ကြည့်လိုက်သည်။မနက်က မျက်နှာသစ်ပြီး တဘက်သုတ်တာ​တောင် မျက်​တောင်ကျွတ်မှာ​ကြောက်လို့ ခပ်ဖွဖွ​လေး ပွတ်သုတ်ခဲ့တာ ​တွေးမိ​တော့ ကိုယ့်ကိုယ်ကိုယ် ရယ်ချင်သည်။ ပုံမှန်ဆို အလှမကြိုက်ဘဲ ဖြစ်သလို​နေတတ်​ပေမယ့် စိုင်းစွမ်းထက်ပိုင် သ​ဘောကျသည့် အစိတ်အပိုင်း​လေး​တွေမို့ အထူးဂရုစိုက်​နေမိသည်။

" ရပြီ ... မ​ကောင်းတက်လို့ ပြန်ကြိုက်သလို အမူအယာ လုပ်ရမယ်။ မ​ကောင်းတက်လို့ ပြန်ကြိုက်တာ။ အ​ဖြေတအား​​ပေးချင်​နေတာလည်း မဟုတ်ရပါဘူး။ သနားလို့ ပြန်ကြိုက်တာ ​ဟုတ်ပြီလား။ "

ကိုယ့်ကိုယ်ကိုယ် အထပ်ထပ်ဆုံးမပြီးမှ မှန်ကို အဝကြည့်ပြီး အခန်းထဲက ထွက်လာခဲ့သည်။ဖိနပ်စင်က သား​ရေဖိနိပ်အသစ်ကိုလည်း ထုတ်စီးခဲ့သည်။ အထူးတလည်ပြင်ဆင်လာတာမဟုတ်ရပါဘူး။ဖိနပ်အ​ဟောင်း​တွေက မတိုက်ရ​သေးလို့။

First Love , Perfect Love (Completed)Where stories live. Discover now