14

60.1K 5K 771
                                    

" အိမ်က ဘယ်​ထိသွားရမှာလဲ။ "

ကာရံညီညာက မင်းသက်ထက်ပို့ထားတဲ့ လိပ်စာကို ဖုန်းထဲက တစ်​​ခေါက်ကြည့်ပြီးမှ စိုင်းစွမ်းထက်ပိုင်ကို ပြသည်။စိုင်းစွမ်းထက်ပိုင်က ကား​မောင်း​နေရင်းမှ ဖုန်းကိုလက်လွှဲယူပြီး ကြည့်လိုက်သည်။

" လို​​သေးတာပဲ။ ပန်းကမ္ဘာ​တောင် ​ကျော်တယ်။ "

" ဟုတ်လား။ "

စိုင်းစွမ်းထက်ပိုင်က ကာရံညီညာကို တစ်ချက်ကြည့်သည်။

" ​နေရာကို ​သေချာမသိဘဲ သွားတာပဲလား။ "

" နှစ်​ခေါက်​လောက်​​ရောက်ဖူးပါတယ်။အဲ့ဒီတုန်းက ကားနဲ့ဆို​တော့ တအား​ဝေးတယ်မထင်ဘူး​လေ။ "

" ​နောက်ဆို ဒီလို​သေချာမကျွမ်းကျင်ဘဲ သွားမယ်ဆိုရင် ကျွန်​တော့်ကို အရင်​ပြော။အခုလို လိုက်ပို့​ပေးမယ်။မဟုတ်ရင် စိတ်ပူ​နေရမှာ။ "

ကာရံညီညာက နှစ်ခြိုက်စွာ ပြုံးလိုက်သည်။

" အင်းပါ ... စိတ်ချ​နော်။ ​နောင်ဆို အခုလိုပဲ မင်းကို ဒုက္ခ​ပေးရ​တော့မယ်။ ​သြော် ... ဟို ပိုက်ဆံက မန္တ​လေး​​ရောက်ရင် ငါပြန်​ပေးမယ်​နော်။ "

စိုင်းစွမ်းထက်ပိုင်၏ မိသားစုက ဘယ်​လောက်ပဲ ချမ်းသာ​နေ​စေဦး​တော့။ချစ်သူရည်းစားအဆင့်နဲ့ စိုင်းစွမ်းထက်ပိုင်၏ ပိုက်ဆံကို မသုံးချင်ပါ။ကာရံညီညာ့၏ သ​ဘောထားကို စိုင်းစွမ်းထက်ပိုင်ကလည်း နားလည်ပါသည်။

" အစ်ကို့သ​​ဘော။ အခုပဲပြန်ဆပ်ဆပ် ​နောင်မှ ဘဝကြီးနဲ့ပဲ ထိုးဆပ်ဆပ် ကျွန်​တော်က အဆင်​ပြေပါတယ်။ "

" မင်းက​တော့ "

ကာရံညီညာက စိုင်းစွမ်းထက်ပိုင်၏ ​ခေါင်းကို ခပ်ဖွဖွ တွန်းလိုက်သည်။

" အစ်ကို "

​ပေါင်​ပေါ်တင်ထားတဲ့ ​ကျောပိုးအိတ်ထဲမှ ဘီစကစ်​ချောင်းဘူး​လေးကို ထုတ်စားရင်း ကာရံညီညာက ပြန်ထူးသည်။

" ဟမ် "

" ကျွန်​တော်​တို့ နှုတ်ခမ်းချင်းမနမ်းဖူး​သေးဘူး​နော်။ "

First Love , Perfect Love (Completed)Where stories live. Discover now