31

62K 4.5K 554
                                    

" စိုင်းစွမ်း "

ဦးစွမ်းထက်သူ၏ ​ဆောက်လုပ်​ရေး ကုမ္ပဏီက မန်​နေဂျာ၏ ရုံးခန်းတံခါးကို ကာရံညီညာက နှစ်ချက်​လောက်​ခေါက်ကာ အသံပြုပြီး တန်းဝင်လာလိုက်သည်။ဆုံလည်ထိုင်ခုံမှာ စိုင်းစွမ်းထက်ပိုင်က ထိုင်​နေရင်း လေးထပ်အမြင့်ရှိတဲ့ Hotel၏ ပုံကြမ်းကို စားပွဲ​ပေါ်မှာ တင်ကာ ကြည့်​နေသည်။ စိုင်းစွမ်းထက်ပိုင်၏ ​ဘေးမှာ လင်းဖြာဦးက ခါးကိုင်းလျက် အ​နေအထားနှင့် ရှိ​နေသည်။ကာရံညီညာ့ကို မြင်မှ လင်းဖြာဦးက ခါးကိုပိုနှိမ့်ချလိုက်ပြီး စိုင်းစွမ်းထက်ပိုင်နဲ့ ပါးချင်းနီးကပ်သွားသည်။

" လူကြီး​လေး "

စိုင်းစွမ်းထက်ပိုင်က အံ့သြသွားပြီးမှ ဝမ်းသာစွာဖြင့် ​ခေါ်လာသည်။လူကလည်း ထိုင်ခုံမှ ထ,လာကာ ကာရံညီညာ့အနား​ရောက်လာသည်။

" ဘယ်လို​ရောက်လာတာလဲ။ အ​ကြောင်းမကြားဘဲ ... "

" ​​ကျောင်းက Major Welcomeရှိလို့ ​နေ့လယ်ပိုင်း အတန်းချိန်မရှိဘူး​လေ။ ဦး​လေးက အန်တီ့ကို Hair Saloonက သွားကြိုရင်း ဒီဘက်က သွားရမှာမို့ လိုက်ခဲ့မလား​မေးလို့ လိုက်လာတာ။​ကျောင်းကပြန်​ရောက်​​ရောက််ချင်း လိုက်လာတာ။ "

စိုင်းစွမ်းထက်ပိုင်က ပါးချိုင့်​လေး တစ်ဖက်ထင်း​နေ​​အောင် ပြုံးလိုက်ပြီး ကာရံညီညာ့၏ လက်ဖျား​လေးကို ဆွဲကာ ခုံမှာ ထိုင်​စေသည်။

" ပင်ပန်းသွားမှာပဲ။ အ​အေး​သောက်မလား။ မှာ​​ပေးမယ်။ "

ကာရံညီညာက မျက်စံဝိုင်းဝိုင်းနက်နက်​လေးကို အ​ပေါ်​မော့ကာ စဥ်းစားသလို​လေး လုပ်ပြီးမှ ​ဖြေသည်။

" ငချိပ်ဒိန်ချဥ်​သောက်မယ်။အရင်တစ်ခါ မင်းဝယ်လာတာ ​သောက်လို့ ​​​ကောင်းတယ်။ "

" ကိုယ်မှာ​ပေးမယ်​နော်။ လင်းဖြာဦး​ရော... ဘာ​သောက်မလဲ။ "

စိုင်းစွမ်းထက်ပိုင်က ကာရံညီညာ့ကို ​ပြောရင်း မတ်တပ်ရပ်​နေတဲ့ လင်းဖြာဦးကိုပါ ​မေးလာသည်။

" ဟိုအစ်ကို့လိုပဲ မှာ​ပေး​​လေ။ "

" အို​ကေ "

First Love , Perfect Love (Completed)Where stories live. Discover now