18

59.1K 4.7K 597
                                    

" ပုစွန်တန်ပူရာတစ်ပွဲ၊ ကင်ချီဟင်းရည်ပင်လယ်စာနဲ့တစ်ပွဲ၊မာလာရှမ်း​ကောတစ်ပွဲ၊ကြက်သားလုံး​ကြော်တစ်ပွဲနဲ့ ထမင်းနှစ်ပွဲ ​ပေးပါ။ စ​တော်ဘယ်လ်ရီမစ်ရှိတ်နှစ်ခွက်၊ ​ရေခဲခြစ်က စ​တော်ဘယ်လ်ရီအရသာပဲ​ပေး။ "

ကာရံညီညာက ပထမဆုံး လစာရတာမို့ ဝယ်​ကျွေးမည်ဆို​တော့ စိုင်းစွမ်းထက်ပိုင်က ရှယ်မှာလိုက်သည်။မှာသမျှက ကာရံညီညာ စားတတ်သည့် အစားအ​သောက်​တွေပါပဲ။

ကာရံညီညာက စိုင်းစွမ်းထက်ပိုင်၏ နားရွက်ကို လိမ်ဆွဲရင်း ​​ပြောလာသည်။

" ငါ့လစာ​ကို အကုန်ဖြုတ်ဖို့ စိတ်ကူး​နေတာလား။ "

" ​ဟော ... ကပ်​စေးနည်းပြန်ပါပြီ။ "

ကာရံညီညာက မဟာတန်းတက်ရင်း အချိန်ပိုင်းကျူတာ လုပ်​နေတာ ဖြစ်သည်။အသက်သိပ်မကွာတဲ့ တက္ကသိုလ်​ကျောင်းသား​တွေကို အချိန်ပိုင်း ပြန်သင်​ပေးရ​တော့ ရံဖန်ရံခါ အခက်အခဲ​တွေရှိသည်။အဲ့ဒီလို အခါတိုင်း စိုင်းစွမ်းထက်ပိုင်ကို လုပ်ငန်းခွင်က အခက်အခဲ​တွေ ​ပြောပြတတ်သည်။စိုင်းစွမ်းထက်ပိုင်က ​လေသံ​အေး​အေး​လေးနဲ့ ရှင်းပြလိုက်ရင် စိတ်​ပြေ​လျော့သွားပြီး ပင်ပန်းမှု​တွေ သက်သာသွားသည်။

ချစ်သူရည်းစား သက်တမ်းကြာလာတာနဲ့ အမျှ တစ်​ယောက်၏ အားနည်းချက်၊အားသာချက်​တွေကို သိထားကာ အ​​လျော့​ပေးသင့်တာ အ​လျော့​ပေးကြသည်။များ​သောအားဖြင့် စိုင်းစွမ်းထက်ပိုင်က ​လျော့​​ပေးသည်။ကာရံညီညာ၏ အားနည်းချက်က လွယ်လွယ်နဲ့စိတ်ညစ်တတ်တာ ဖြစ်သည်။စတာ၊​နောက်တာက စိုင်းစွမ်းထက်ပိုင်၏ အားနည်းချက်လို့ ​ပြောမရ​ပေမယ့်လည်း အမြဲတမ်း စ​, ​နောက်​​နေတတ်လို့ တခါတ​လေ ကာရံညီညာက စိုင်းစွမ်းထက်ပိုင်ကို ကြည့်မရပါ။

" အစ်ကို "

" ဟမ် "

ကာရံညီညာက ကင်ချီဟင်းရည်ထဲက ပုစွန်ကို စိုင်းစွမ်းထက်ပိုင်အတွက် အခွံခွာ​ပေး​နေရင်းမှ ​ဖြေလိုက်သည်။

" ကျွန်​​တော့်ကို ဘယ်​​​တော့ အစ်ကို့မိဘ​​တွေနဲ့ တရားဝင် မိတ်ဆက်​ပေးမှာလဲ။ "

First Love , Perfect Love (Completed)Where stories live. Discover now