17

58.8K 4.8K 300
                                    

Note _ ကီးဘုတ်​ချော်တာမျိုး မဟုတ်ဘဲ အမွန်း စာလုံး​​ပေါင်းမှား​နေတာရှိရင် အားမနာဘဲ အမှန်ပြင်သွား​ပေး​နော်။မှတ်စုထဲမှာ အမွန်းက ချက်ချင်းလိုက်ပြင်ပါတယ်။ဒီမှာမပြင်တာက အဲ့ဒီအပိုဒ်မှာ​ပေးထားတဲ့ Comment​လေး​​တွေ ပြန်ဖတ်မရမှာ စိုးရိမ်လို့ရယ်။​နောက်တစ်ခုက အမွန်းစာ​ရေးရင်း တအားရှန်းပါတယ်။ မှား​နေတာ​တွေ့ရင် ​ထောက်ပြလို့ရပါတယ်​နော်။စိတ်မဆိုးဘူးရယ်။

" စိုင်းစွမ်း "

ကာရံညီညာက ​နောက်တစ်ကြိမ် ဝရံတာ ထွက်လာပြီးမှ ​ခေါ်လိုက်​တော့ စိုင်းစွမ်းထက်ပိုင်က ကားတံခါး ဖွင့်​နေရာမှ ချက်ချင်း လှည့်ကြည့်သည်။

" အိမ်ထဲ ဝင်ဦးမလား။ "

စိုင်းစွမ်းထက်ပိုင်က ချက််ချင်းပင် လက်ခံပါသည်။

" နှစ်ခါ မ​ခေါ်ရဘူး​​​နော်။ "

ကာရံညီညာက ခပ်တိုးတိုးသာ ​ပြောလိုက်ပြီး ​အောက်ထပ်သွားကာ ခြံတံခါး ဖွင့်​ပေးသည်။ဒီ​​နေ့ ဒီ​ကောင်​လေး အရမ်း​​တော်တာမို့ ဆုနည်းနည်း​တော့ ​ပေးသင့်တယ်မလား​လေ။

စိုင်းစွမ်းထက်ပိုင်က ကာရံညီညာ၏ ဖိနပ်​ဘေးမှာ ဖိနပ်​​​လေးကို ချွတ်လိုက်သည်။အိမ်တံခါး​ပေါက်​ရှေ့မှာ Sizeအနည်းငယ်ကွာတဲ့ ဖိနပ်နှစ်ရံကို ​ဘေးချင်းကပ်လျက် အ​နေအထားနဲ့ ​တွေ့ရရုံ​လေးနဲ့တင် ရင်ထဲမှာ ကြည်နူးမိသည်။

" အိမ်မှာ အ​ဖေသိမ်းထားတဲ့ ဝိုင်​တွေရှိတယ်။​သောက်ချင်လား။ဟိုမှာ မ​သောက်ခဲ့ဘူးဆို​တော့ ဆုချတဲ့ အ​နေနဲ့ နည်းနည်း​တော့ တိုက်မယ်။ "

" ဝိုင်က ဘယ်မှာပဲဖြစ်ဖြစ်​သောက်လို့ရပါတယ်။ အခြားဟာပဲဆုချ​။ အနည်းဆုံး French Kiss​လောက်​ပေါ့။ "

စိုင်းစွမ်းထက်ပိုင်က ကာရံညီညာ သွားသည့်အတိုင်း အ​နောက်က ထပ်ကြပ်မခွာလိုက်ရင်း ​ပြောသည်။ကာရံညီညာက မီးဖို​ချောင်၏ ​သော့ပိတ်ထားတဲ့ ဗီရိုထဲက ဝိုင်ပုလင်းကို ဆွဲထုတ်လိုက်ပြီး စိုင်းစွမ်းထက်ပိုင်၏ ​ခေါင်းကို ခပ်သာသာ​လေးရိုက်လိုက်သည်။

" ​ဟော ... အလိုလိုက်ထား​တော့ သိပ်ဆိုးတာပဲ။ လက်ပါတတ်​နေလိုက်တာ။"

First Love , Perfect Love (Completed)Where stories live. Discover now