30

63.7K 4.5K 654
                                    

မိုးကအ​တော်အသင့် သည်းလာပြီ။ စိုင်းစွမ်းထက်ပိုင်က ကားထဲမှ စိုင်းရတုဟန်ကို ကြည့်​နေသည်။ ​ငွေလသာတို့ အိမ်​​၏ မျက်နှာချင်းဆိုင် ​ကျောက်လမ်း​ပေါ်မှာ မိုးရွာကြီးထဲ စိုင်းရတုဟန်က မတ်တပ်ရပ်​နေသည်။​ခေါင်းစ ​ခြေအဆုံး မိုး​ရေ​တွေ ရွဲရွဲစို​နေပြီ။

စိုင်းရတုဟန် မကြာခဏ ​မော့ကြည့်​နေတာ ​ငွေလသာ၏ အခန်းဆိုတာ စိုင်းစွမ်းထက်ပိုင် ခန့်မှန်းမိသည်။ ထိုအခန်းမှာ ဝါကျင့်ကျင့် မီး​ရောင်​လေးသာ ရှိ​နေပြီး ခန်းစီးစက တံခါးအပြည့်ကွယ်ထားသည်။

စိုင်းစွမ်းထက်ပိုင်က ကားထဲက ထွက်ဖို့ တံခါးအဖွင့် ဖုန်းလာ​နေတာမို့ အရင်ကိုင်လိုက်သည်။

' အင်း ... လူကြီး​လေး ​ပြော​လေ။ '

တစ်ဖက်က မိုးရွာလို့ တံခါး​တွေ ပိတ်​နေသည်ထင်။ အသံအချို့ကြားရပြီးမှ ​ပြောလာသည်။

' ပြန်မလာ​သေးဘူးလား။ စိုင်းရတု​ရော အ​ဆင်​ပြေရဲ့လား။ '
စိုင်းစွမ်းထက်ပိုင်က ကားမှန်ကို ဖြတ်ပြီး စိုင်းရတုဟန်ကို လှမ်းကြည့်ကာ ​ဖြေလိုက်သည်။

' ​ငွေလသာတို့ အိမ်​ရှေ့က မိုးရွာကြီးထဲမှာ ရပ်​နေတာ။ ​လေးဆယ့်ငါးမိနစ်​လောက်​တော့ ရှိပြီ။'

' ဘယ်လိုဖြစ်တာလဲ။ အ​​အေးမိ​နေဦးမယ်။ သွား​​ခေါ်လိုက်​လေ။ '

စိုင်းစွမ်းထက်ပိုင်၏ ရယ်သံခပ်တိုးတိုးကထွက်လာသည်။

' ​လူကြီး​လေးသိလား ... စိုင်းရတုရဲ့ အခုပုံစံက ဂန္တဝင်​မြောက်ရုပ်ရှင် ​မောင့်မူပိုင်ရှင်ထဲက မင်းသားကြီး​​ , မမခိုင်နဲ့ ပတ်သတ်ပြီး အသည်းကွဲတဲ့ ဇာတ်ဝင်ခန်းနဲ့ တစ်ထပ်ထဲပဲ။ မူး​နေရင်​တော့ Perfectပဲ​ပေါ့။ '

' စိုင်းစွမ်း '

ကာရံညီညာက ဆူသလို၊ဟန့်သလို ​ပြောလိုက်​တော့ ရယ်ရင်း ​စကား​ပြော​နေတဲ့ စိုင်းစွမ်းထက်ပိုင်၏ ရယ်သံက တိတ်သွားသည်။

' ကိုယ့်ပဲ ဆူ​နေတာ။ '

' စိုင်းရတုကို မိုးရွာကြီးထဲ အကြာကြီးမ​နေ​စေနဲ့​လေ။ ​ပြန်​ခေါ်ခဲ့လိုက် ကြားလား။ '

First Love , Perfect Love (Completed)Where stories live. Discover now