24

60.9K 4.7K 291
                                    

ကာရံညီညာ ​ရေချိုးခန်းထဲ ဝင်သွားသည်မို့ စိုင်းစွမ်းထက်ပိုင်က အခြားအခန်းမှာ ​ရေသွားချိုးဖို့အတွက် အကျီကို ချွတ်လိုက်သည်။ ​ဘောင်းဘီက ခါးပတ်ကို ဖြုတ်​နေတုန်း ကာရံညီညာက လျှပ်တပြတ် ​ရေချိုးခန်းထဲက ထွက်လာသည်။

" အာ ... ​Sorry "

စိုင်းစွမ်းထက်ပိုင်က ခါးပတ်ကို ပြန်ပက်လိုက်သည်။ ကာရံညီညာက ​ရေချိုးခန်းမှ ထွက်လာပြီး စိုင်းစွမ်းထက်ပိုင်၏ ​ဘေးမှ ဖြတ်သွားကာ ဗီရိုတံခါးကို ဖွင့်ပြီး ဟိုရှာဒီရှာ ရှာ​နေသည်။

" ဘာလိုချင်လို့လဲ။ "

" မျက်နှာသုတ်ပုဝါ "

စိုင်းစွမ်းထက်ပိုင်က ကာရံညီညာ့၏ ​ကျော​ဘေးမှ လက်လျှိုလိုက်ပြီး ဗီရို၏ တံခါးတစ်ချပ်ကို ဖွင့်ပြီးမှ ပန်းရင့်​ရောင် မျက်နှာသုတ်ပုဝါကို ယူလိုက်သည်။နီးကပ်​နေတာမို့ ကာရံညီညာ့ဆံပင်က ကင်ပွန်း​ခေါင်း​လျှော်ရည်အနံ့​လေး​တောင် ရ​နေ​သေးသည်။

" ဒီမှာ မျက်နှာသုတ်ပုဝါ။ အဝတ်အစား​တွေက အသစ်ဝယ်ထည့်​ပေးထားတယ်။ အဆင်​​ပြေတာ ယူဝတ်လိုက်​နော်။ "

" အင်း "

ကာရံညီညာက စိုင်းစွမ်းထက်ပိုင်၏ အနားမှ ထွက်သွားပြီးမှ ​ရေချိုးခန်းထဲ မဝင်ခင် တစ််ချက်ပြန််လှည့်ကြည့်လိုက်​သေးသည်။ စိုင်းစွမ်းထက်ပိုင်၏ ညာဘက် ခါး​​စောင်းတစ်​လျှောက်မှာ အနက်​ရောင်ဖြင့် Tattoo ထိုးထားသည်။ Kar Yan Nyinyar ဆိုတဲ့ နာမည်အပြည့်အစုံကို ​ဒေါင်လိုက် ထိုးထားတာမို့ ချိုင်း( ဂျိုင်း) ​အောက်အနားက​နေ စတင်ထားတာ ဖြစ်သည်။​​အောက်ဆုံးက စာလုံး နှစ်လုံးက​တော့ ​ဘောင်းဘီ​၏ ခါးပတ်​နေရာနှင့် ဖုံးနေတာ​ကြောင့် ​သေချာ မမြင်ရဘူး။

" အရူး​​ကောင် "
​ရေချိုးခန်းထဲ ​ရောက်မှ ကာရံညီညာက စိုင်းစွမ်းထက်ပိုင် ရှိသည့်ဘက်ကို အမြင်ကပ်စွာ ကြည့်လိုက်ပြီး မျက်နှာသုတ်ပုဝါဖြင့် မှန်ကို ပစ်​​​​ပေါက်လိုက်သည်။

" ဆန္ဒရှိလား မ​မေးဘဲ ခိုး​ပြေး၊သူ့အိမ်ထိ ​ခေါ်လာပြီးမှ တအား​တွေ သိတတ်ပြ​နေတာ။ စည်း​တွေ ထားပြ​နေတာ တကယ်မုန်းစရာ​ကောင်းတယ်။ "

First Love , Perfect Love (Completed)Where stories live. Discover now