5

68.7K 5.5K 654
                                    

​ကျောင်းပိတ်ရက်မို့ ကာရံညီညာက နံနက်အ​စောထကာ စာကြည့်ပြီး ရှစ်နာရီ​လောက်မှ နံနက်စာ စားဖို့အတွက် ထွက်လာသည်။နီးနီးနားနား Mini Mart​လေးကို သွားလိုက်ပြီး ကြက်သား​ပေါက်စီ နှစ်လုံးနဲ့  ​မေမြို့နှပ်​ကော်ဖီတစ်ခွက် မှာလိုက်ကာ ဆိုင်ထဲမှာ ခင်းကျင်းအလှဆင်ထားတဲ့ ​နေရာ​လေးမှာ ထိုင်စားလိုက်သည်။ မှန်အကြည်ကာထားတာမို့ အပြင်ဘက်ကိုလည်း ​ငေးရင်း အနားယူပြီး နံနက်စာ စားသည်။

" တိုက်ဆိုင်လိုက်တာ​နော်။ "

ကာရံညီညာက ​ပေါက်စီကို ပါး​လေးတစ်ဖက်မှလည်း ငုံထားရင်း ​နောက်ထပ်လည်း တစ်ကိုက် ကိုက်ထားရင်းမှ ​မော့ကြည့်သည်။ပါး​ဖောင်း​ဖောင်း​လေး ဖြစ်​နေ​တော့ ချစ်စရာ​လေး။ ​ကျောင်းပိတ်ရက်မို့ ရှပ်အကျီအနီအပွကြီးနဲ့ ဒူးနဲ့ကွက်တိ ​ဘောင်းဘီအနက်​လေး ဝတ်ထားသည်။

" ငါ​တော့ တိုက်ဆိုင်တယ် မထင်ပါဘူး။ "

စိုင်းစွမ်းထက်ပိုင်က ပါးချိုင့်ရှည်ရှည်​လေး ထင်း​နေ​အောင် ပြုံးလိုက်ပြီး ကာရံညီညာ့ဘေးမှာ ဝင်ထိုင်သည်။အနားကပ်လာတာနဲ့ ​အ​မွှေးနံ့က ရ​နေသည်။

" ​ရေ​မွှေး​နံ့​တွေ ​မွှေးအီနေတာပဲ။ "

" ဒါက ကိုယ်သင်းနံ့လို့ ​ခေါ်တယ်ကွ ကိုယ်သင်းနံ့။ ​ရေ​မွှေး လုံးဝမဆွတ်ထားဘူး။ ​ကျောင်းသွားရင် အမြဲတမ်း သုံးဖြစ်​တော့ အနံ့စွဲ​နေတာ​နေမှာ။ ဒီအနံ့ကြိုက်တယ်မလား။ ကြိုက်ရင် ကျွန်​တော့်ကိုဖက်ထားလိုက်။ဖက်​နေကြ ဖြစ်သွားရင် အစ်ကို့ကိုပါအနံ့စွဲသွားလိမ့်မယ်။ "

ကာရံညီညာက ​ကော်ဖီတစ်ငုံ ​သောက်လိုက်သည်။ ​ဒီလို ​ကျောင်းပိတ်ရက်ကြီးမှာ​တော့ စိုင်းစွမ်းထက်ပိုင်နဲ့ ​တွေ့ရမယ်လို့ ထင်မထားပါ။

" မင်းကဒီဘက်ထိ ဘာလာလုပ်တာလဲ။ "

" လူပျိုလာလှည့်တာ။ "

ကာရံညီညာက စိုင်းစွမ်းထက်ပိုင်ကို ကြည့်ပြီးမှ ​ပြောလိုက်သည်။

" လူကဖြင့် အ​မွှေး၊အ​တောင်​ ,တောင် မစုံ​သေးဘဲ စကား​ပြောရင် ဒီစကားချည်းပဲ။ "

First Love , Perfect Love (Completed)Where stories live. Discover now