2

79.5K 6.3K 2K
                                    

ဒီရက်ပိုင်း ကာရံညီညာ့မှာ အလုပ်တစ်ခုရ​နေသည်။ အ​ကောင်စုတ်က​လေး စိုင်းစွမ်းထက်ပိုင်ကို ​ရှောင်ရတာပဲ။မနက်​ခြောက်နာရီမှ ရှစ်နာရီ စာသင်ချိန်တစ်ချိန်ပြီးလို့ တစ်နာရီနားချိန်မှာ နံနက်စာ စားရင် အနား​ရောက်လာတက်သည်။ ​ပေါ်​​ပေါ်ထင်ထင်ကို ပိုးပန်းခံ​​နေရတာဆို​ပေမယ့် ​ယောကျ်ား​လေးချင်းမို့ ဘယ်သူကမှ မရိပ်မိကြဘူး။ ညီမ​​​လေးတွေ သိသွားမှာ ဆိုးလို့ ကာရံညီညာ့မှာ တိမ်း​ရှောင်​နေရသည်။ မသိရင် စိုင်းစွမ်းထက်ပိုင်က ကိုယ့်အ​​​ကြွေးရှင်ကြီးလိုပင်။

" အန်တီ  ... သားမှာတာ ကြက်သားလုံး​ခေါက်ဆွဲ​လေ။ "

​ကျောင်းနားက ​ခေါက်ဆွဲဆိုင်မှာ ​ခေါက်ဆွဲမှာထားပြီး လာချ​​ပေး​တော့ ကိုယ်မှာထားတာ မဟုတ်သည်မို့ ကာရံညီညာက ဆိုင်ရှင်ကို ​ပြောလိုက်သည်။

" ကျွန်​တော် ပိုထည့်ခိုင်းလိုက်တာ။ "

စိုင်းစွမ်းထက်ပိုင်က ​ကော်ခုံ​​လေးကို ဆွဲပြီး ကာရံညီညာ၏ ​ဘေးမှာ လာထိုင်သည်။
" ကျွန်​တော့်အ​ပေါ် စွဲစွဲမြဲမြဲနဲ့ အသည်းစွဲဖြစ်​အောင် အသည်းအမြစ်က​လေးနဲ့ မှာ​ပေးလိုက်တာ။ "

ကာရံညီညာက ဘာမှမ​ပြော​တော့ဘဲ ​ခေါင်းငုံ့ကာသာ ​ခေါက်ဆွဲစား​နေ​တော့သည်။

" အစ်ကိုကလည်း ရန်သူကြီးလို လုပ်မ​နေစမ်းပါနဲ့။ ​ဘော်ဒါ အကန့်​လောက်​​တော့ ရှိမှ​ပေါ့။ "

ကာရံညီညာက တစ်ခွန်းမှ ပြန်မ​ဖြေဘူး။စိုင်းစွမ်းထက်ပိုင်က သူ့ပန်းကန်ထဲက ကြက်အသည်းတစ်တုံးကို ကာရံညီညာ့၏ ပန်းကန်​​လေးထဲ ထပ်ထည့်​ပေးပြန်သည်။ပြန်​ပေး​နေရင် ဟိုပန်းကန်ထဲ​ရောက်လိုက်၊ ဒီပန်းကန်ထဲ ပြန်ထည့်လိုက်ဖြစ်ပြီး ဆိုင်ထဲမှာ မျက်စိ​နောက်စရာ ဖြစ်မှာဆိုး၍ ကာရံညီညာက ကိုယ့်ဘာသာပဲ စားလိုက်သည်။

" တစ်လုပ်စားဖူး သူ့​ကျေးဇူးတဲ့။ ​ကျေးဇူးဆိုတာ ဆပ်တက်ရတယ်။​ပေး ...ဖုန်းနံပါတ်​​။ "

စိုင်းစွမ်းထက်ပိုင်က ချက်ချင်းပင် သူ့ဖုန်းကို ထုတ်ကာ ဖုန်းနံပါတ်​တောင်းသည်။

First Love , Perfect Love (Completed)Where stories live. Discover now