9

60.5K 5.3K 580
                                    

စာ​မေးပွဲ​ဖြေဖို့ ငါးရက်​လောက်အလိုမှာ စိုင်းစွမ်းထက်ပိုင်က ကာရံညီညာတို့အိမ် ​ရောက်လာသည်။ ကိုးတန်း​တွေက ​နားရက်​ရောက်ပြီမို့ စိုင်းစွမ်းထက်ပိုင်လည်း ​ကျောင်းတက်စရာမလိုဘူး။ ကာရံညီညာကလည်း အိမ်မှာပဲ စာကျက်ဖြစ်​တော့သည်။

" ​သေချာ​လေး ပြန်ပို့​ပေးမယ်​နော်။စိတ်ချပါရှင့်။ "

စိုင်းစွမ်းထက်ပိုင်၏ အ​မေ​ဒေါ်နန်း​ခမ်းလွင်ပါ လိုက်လာပြီး ကာရံညီညာ့ကို လာ​ခေါ်​တော့ ​ဒေါ်ခင်ချိုက ထည့်​ပေးလိုက်သည်။

" ဟုတ်ကဲ့ပါ ... စိုင်းစွမ်းကို ကာရံနဲ့ ပတ်သတ်ပြီး ရင်းနှီးပြီးသားပဲ။ ​ခေါ်သွားပါ။"

ကား​ပေါ်​ရောက်​တော့ ကာရံညီညာက ကား​ရှေ့ခန်းက ​​ဒေါ်နန်းခမ်းလွင်ကို ပြုံးပြပြီးမှ စိုင်းစွမ်းထက်ပိုင်ဘက်ကို လှည့်ကာ ဘာလဲဆိုတဲ့ သ​​ဘော မျက်ခုံးပင့်ပြကာ ​မေးသည်။ကားအ​နောက်ခန်းမှာ စိုင်းစွမ်းထက်ပိုင်နဲ့ကာရံညီညာ နှစ်​ယောက်သာရှိသည်။

" လာ​တောင်းတာမဟုတ်ပါဘူးဗျာ။ ဒီ​နေ့ ကျွန်​တော့်​မွေး​နေ့မို့​လေ။ ဘုရားသွားပြီး အလှုူလုပ်ရင်း ဘုရားကအပြန် အစ်ကို စာ​မေးပွဲ​ဖြေခါနီး ယထျာ​ချေ​ပေးမလို့တဲ့။ "

" မင်းအ​မေကို ဘာ​တွေ ​လျှောက်​ပြောထား​သေးလဲ။"

" သူငယ်ချင်းလို့ပဲ ​ပြောထားတာပါ စိတ်မပူပါနဲ့။ "

စိုင်းစွမ်းထက်ပိုင်က တက်ကြွစွာ ​ဖြေလာသည်။ မျက်မှန်ကိုင်း၏ အလည်တည့်တည့်ကိုလည်း လက်ညှိုးနဲ့ တစ်ချက်ပင့်လိုက်​သေးသည်။ ကာရံညီညာက မျက်​​​စောင်းသာ ထိုးလိုက်​​ပေမယ့် စိုင်းစွမ်းထက်ပိုင်က အရွယ်နဲ့မလိုက်​အောင် Styleကျတာကို​တော့ ဝန်ခံရပါမည်။

"  အကုန်​လျှောက်လုပ်တာ​နော် ... မ​ပြောချင်ဘူး။ "

ကာရံညီညာက အပြစ်တင်​တော့ စိုင်းစွမ်းထက်ပိုင်က သွားညီညီ​သေး​သေး​လေး​​တွေ ​ပေါ်သည်အထိ ရယ်သည်။စိုင်းစွမ်းထက်ပိုင်က ကာရံညီညာ့၏ ​ဘေးကို အတင်းတိုးကပ်ထိုင်ရင်းမှ ခပ်တိုးတိုး ​ပြောလာသည်။

First Love , Perfect Love (Completed)Where stories live. Discover now