15

66.4K 5K 459
                                    

" စိုင်းစွမ်း "

ကာရံညီညာက ခပ်တိုးတိုး​လေး ​ခေါ်​လိုက်သည်။စိုင်းစွမ်းထက်ပိုင်၏ မျက်နှာက ​ခေါင်းအုံးထဲ ပိုမိုနစ်ဝင်သွား​ပြီး လှည့်ကြည့်မလာဘူး။

" အဝတ်အစားကို မကြိုက်ဘူးလား။ "

" မကြိုက်တာ မဟုတ်ရပါဘူး။ ဒီတိုင်း ... "

ကာရံညီညာက နူးညံ့စွာ တစ်ချက်ခိုးပြုံးလိုက်ပြီးမှ ကုတင်​ပေါ် ဒူး​​ထောက်တက်ကာ ​ဝမ်းလျား​မှောက်အိပ်​နေ​သော စိုင်းစွမ်းထက်ပိုင်၏ ​ကျော​ပေါ် လက်ညှိုးနဲ့လက်ခလယ်​လေးကို သုံးကာ လမ်း​လျှောက်သလို ခပ်ဖွဖွ​လေး တက်သွားသည်။လည်တိုင်နား​ရောက်မှ ခပ်ဖွဖွ​​လေး ပြန်ဆင်းသည်။

" သူတို့က ​​ပြော​နေတယ်။ စိတ်မဆိုးပါနဲ့တဲ့။ "

​ကျော​ပေါ်က ခပ်ဖွဖွ အထိအ​တွေ့​ကြောင့် စိုင်းစွမ်းထက်ပိုင်က အသည်းယား၊အူယား​နေ​ပေမယ့် မျက်နှာက​တော့ လှည့်မလာဘူး။ ကာရံညီညာက စိုင်းစွမ်းထက်ပိုင်၏ နီရဲ​နေ​​သော ညာဘက်နားရွက်နားကို လက်​ချောင်း​ထိပ်လေးနဲ့ တို့ထိကာ ခပ်တိုးတိုး ​ပြောသည်။

" မင်းက ငါ့ချစ်သူ ငါ့​ကောင်​လေးပါ။လူကြီးက ​မေးလာ​တော့ အဲ့လိုကြီး ​ဖြေလိုက်ရင် မ​ကောင်းဘူး​လေ။ အခြားအ​ကြောင်းမရှိပါဘူး။"

" သူငယ််ချင်းလို့ ​ပြောရင်လည်းရ​နေတာပဲ။ "

စိုင်းစွမ်းထက်ပိုင်က အသံခပ်သြသြနဲ့ ပြန်​ဖြေလာသည်။ စကားပြန်လာပြီဆို​တော့ စိတ်ဆိုး​ပြေပြီ​ပေါ့။

" ဆို​တော့ ... စိတ်မဆိုး​တော့ဘူး​ပေါ့။ "

" စိတ်မဆိုးပါဘူး။ စိတ်မ​ကောင်းဖြစ်သွားတာ။ ကျွန်​တော့်ဘာသာ ... "

ကာရံညီညာက စိုင်းစွမ်းထက်ပိုင်ကို အ​နောက်ကသိုင်းဖက်ပြီး စိုင်းစွမ်းထက်ပိုင်၏ ​ကျောပြင်​ပေါ် မျက်နှာ​လေးကပ်လာသည်။ကာရံညီညာ၏ လက်​သေး​သေး​လေးတစ်ဖက်ကို စိုင်းစွမ်းထက်ပိုင်၏ ခပ်ကြီးကြီးနဲ့ ​သွေး​ကြောထင်း​နေတဲ့ လက်က ထပ်အုပ်ကိုင်လာသည်။

" ​မောင်လို့ ​ခေါ်ရမလား။ "

" ဟမ် "

စိုင်းစွမ်းထက်ပိုင်က ချက်ချင်းပင် ​လည်ပင်းလိမ်ကာ ​နောက်ကိုလှည့်ကြည့်သည်။

First Love , Perfect Love (Completed)Where stories live. Discover now