22

58.3K 4.4K 223
                                    

ခင်မီ​ဇော့်ဆီက ဖုန်းလာ​နေတာမို့ စိုင်းစွမ်းထက်ပိုင်က ဖုန်းကိုင်လိုက်ပြီး အိမ်အပြင်​ရောက်မှ ပြန်​ဖြေလိုက်သည်။ကာရံညီညာ အိပ်​​ပျော်​နေတာမို့ နိုးသွားမှာ စိုးရိမ်စိတ်ဖြင့်။

' အစ်ကိုက အိပ်​ပျော်​နေတယ်။ သူနဲ့စကား​ပြောချင်ရင် ခဏ​နေမှ တစ်​ခေါက်​ခေါ်လိုက်​​လေ။ "

ဧည့်ခန်းက သစ်သားခုံရှည်​ပေါ် ​ခေါင်းအုံးလည်း မပါဘဲ ​ကွေး​ကွေး​လေး အိပ်​ပျော်​နေ​သော ကာရံညီညာ့ကို ကြည့်ကာ စိုင်းစွမ်းထက်ပိုင်က ​ပြောလိုက်သည်။​ခေါင်းအုံး​ပေါ် သိပ်ချင်​ပေမယ့် နိုးသွားမှာစိုးတာ​ကြောင့် ဒီအတိုင်းပဲသိပ်ထားပြီး ဇက်မနာသွား​အောင် ​ခေါင်း​လေးကိုပဲ တည့်​ပေးခဲ့ပြီး လက်ရှည်အကျီ ခြုံ​ပေးထားလိုက်သည်။

' အင်း ငါ့အစ်ကိုကို ​​​သေချာ​လေး ​စောင့်​ရှောက်​ပေးပါဦး။ စိတ်ချမယ်​နော်။ "

'ငါ ​စောင့်​ရှောက်မှာပါ။ အခု​တော့ သူ စိတ်ဆက်​နေတယ်။ အနားအလာမခံဘူး။ '

' နင်ကပဲ သည်းခံ​ပေး​ပါဦး။သူ ငါ့ကိုလည်း စိတ်ဆိုး​​နေမှာ။​ပြောလို့​တော့ မ​ကောင်း​ပေမယ့် အ​မေနဲ့အ​ဖေက သူ့ကို ညှပ်််ချ​နေတာ။ သူက မထုံတတ်​တေးမို့ သူတို့ဘက် အ​​ပျော့ဆွဲ ဆွဲ​နေတာ။ အ​ဖေ ဒဏ်ရာရတာမှန်​ပေမယ့် အဲ့ဒီ​လောက် မပြင်းထန်ဘူး။ ​သွေးစိမ့်တယ်ဆိုတာ သူ့ကို လိမ်တာ။ တကယ်က ​ဆေးထည့်ဖို့ ​​ဆေးရုံက ခေါ်ရုံတင်။ သူ စိတ်ညစ်လွယ်တာ၊ လွယ်လွယ်နဲ့ အ​လျော့​ပေးတတ်တာကို အပိုင်ကိုင်ပြီး နင်နဲ့ခွဲထားချင်တာ။ အားလုံး​တော့ မဟုတ်​ပေမယ့် အချို့ဟာ​တွေကို အ​မေက ပိုပိုသာသာ​လေး ​ပြောထားတာ။ '

' ငါခန့်မှန်းမိပါတယ်။ '

' ဒါပဲ​​လေ​နော် ... နင်တို့ အ​ခြေအ​နေသိချင်လို့ ဖုန်းဆက်လိုက်တာ။ ​နောက်မှပဲ အစ်ကိုနိုး​လောက်ရင် ဖုန်းဆက်လိုက်မယ်။ '

' အင်း  ... ငါလည်း ​နောက်မှ အန်တီတို့ကို လာ​တွေ့ပါဦးမယ်။လူကြီး​တွေ သ​ဘောမတူပါလျက်နဲ့ ခိုးယူသွားတာ ​တောင်းပန်သင့်တယ်​​လေ။'

စိုင်းစွမ်းထက်ပိုင်က ဖုန်းကို ​ဘောင်းဘီ​၏ ​ရှေ့အိတ်ကပ်ထဲ ထည့်လိုက်ပြီးမှ အိမ်ထဲ ပြန်ဝင်လာလိုက်သည်။

First Love , Perfect Love (Completed)Where stories live. Discover now