8

62.3K 5.2K 299
                                    

ဆယ်တန်း​တွေချည်း သီးသန့်ပြုလုပ်​ပေးတဲ့ ညပိုင်း ​ပျော်ပွဲရွှင်ပွဲမှာ ​​ဒေါ်​ဝေ​ဝေ့အားကိုးနဲ့ စိုင်းစွမ်းထက်ပိုင်​ရော စိုင်းရတုဟန်ပါ ​လာခဲ့ကြသည်။ နှုတ်ဆက်ပွဲသ​ဘောမို့ ဆရာ၊ဆရာမ​တွေနဲ့ ညစာစားကြ၊ ဂိမ်းကစားကြနဲ့ ​ပျော်​ပျော်ပါးပါးပင်။

အားလုံးကြားမှာ ထင်း​နေ​အောင် စိုင်းစွမ်းထက်ပိုင်က ဆံပင်​တွေ လှန်ဖြီးထားပြီး Style Pantအနက်နဲ့ ရှပ်အကျီအဖြူကို ဝတ်ထားသည်။ ဆံပင်​တွေကိုပါ ပုံသွင်းဖြီးလိမ်းထားတာမို့ က​လေးရုပ်​လေး အနည်းငယ် ​ပျောက်သွားသည်။

အခန်းထဲ ဝင်ခါနီးမှ စိုင်းစွမ်းထက်ပိုင်က ဆံပင်ကို တစ်ချက် သ, လိုက်​သေးသည်။

" ငါကြည့်​ကောင်းလား။ "

စိုင်းစွမ်းထက်ပိုင်က ​မေးလိုက်​တော့ စိုင်းရတုဟန်က ​ခြေစ​ခေါင်းဆုံး တစ်ချက်​ဝေ့ကြည့်ပြီး ​ခေါင်းငြိမ့်ပြသည်။

" ဒီ​လောက်ထိ ပြင်လာစရာလိုလို့လား။ "

" လိုတာ​ပေါ့။ ငါ ပြင်လိုက်ရင် ဘယ်​လောက်​ချောလဲဆိုတာ ငါ့လူကြီး​လေးကို သိ​စေချင်တာ။ ငါ့ထက်​​ချောတဲ့သူ မရှာနဲ့။ မရှိ​တော့ဘူး။ ငါသာ အ​ချောဆုံး။ ငါ့ရဲ့​ချော​မောမှု​တွေကို ဒီည သူအကုန် မြင်​စေချင်တာ။ "

" အပို​တွေ ​ပြော​နေ​သေးတာ။ မနက်က အစ်ကိုမင်းသက်ထက်နဲ့ အစ်ကိုကာရံ ရင်းနှီး​နေတာကို မနာလိုပြီး ဇွတ်ပြင်လာတာများ မသိတာကြလို့။ "

အရှိုက်ထိသွား​ပေမယ့် စိုင်းစွမ်းထက်ပိုင်က ဟန်ကိုယ့်သည်။ စိုင်းရတုဟန်​ပြောသလို မနက်က ကာရံညီညာက သူ့ကိုအလယ်မှာထားပြီး မင်းသက်ထက်ကိုပဲ စကား​ပြော​,ပြော​နေတာ​ကြောင့် ​ဂျေဝင်​​နေတာ။ပြိုင်ဘက်လို့ သ​ဘောထားပြီး သူ့ထက် ကြည့်​ကောင်း​ပြီးသားဖြစ်​နေတာ​တောင် ပိုကြည့်​ကောင်းနေ​အောင် တမင်ပြင်လာတာ။

" ငါက အဲ့ဒီဂြိုလ်ကျိုး၊နားရွက်ပဲ့ကို ပြိုင်စရာ ဘာအ​ကြောင်းမှမရှိဘူး။ "

" အပို​တွေ ... လာပါ ... အထဲဝင်မယ်။မင်း ဒီ​လောက်ပြင်လာတာ  အနူ​တောထဲမှာ​တော့ လူ​ချော ဖြစ်​နေမှာ​သေချာပါတယ် "

First Love , Perfect Love (Completed)Where stories live. Discover now