Arc 5.1(1)

3.2K 128 2
                                    

unicode

အပိုင်း(၁၀၁)(လက်စားချေနေသောဆရာတူညီလေး၏ ဖိအားပေးအချစ် ၁.၁)

ပင်မကမ္ဘာ၌ ပိုင်ယွီသည် သူ၏ခါးကို အသဲအသန်ပွတ်နေသည်။ အဆုံးသတ်၌ ထိုကမ္ဘာအတွက်မစ်ရှင်လဲ ပြီးမြောက်သွားပြီဖြစ်သည်။

ဗီလိန်သည် အမှန်တကယ်ကိုပင် ဆိုးပြီးရင်းဆိုးလာခဲ့သည်။ ကျောင်းသားအရွယ်သာရှိသေးသော်လဲ ဗန်ပိုင်းယားထက် ပိုကြမ်းတမ်းဆိုးရွားနေခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် အဆုံးသတ်၌ တာဝန်သည်လဲ အောင်မြင်စွာပြီးမြောက်သွားပြီဖြစ်၍ ပိုင်ယွီတစ်ယောက် အလွန်အမင်းပျော်ရွှင်နေမိသည်။

"ရှောင်မီဟူ storeထဲက ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုတိုးတက်စေမဲ့ itemမျိုး မြန်မြန်ပြပေးစမ်းပါ"

ရှောင်မီဟူကမူ သူ၏အမြီးဖွာဖွာလေးကိုခါရမ်းနေပြီး

[ဘာလို့အရမ်းစိတ်ဝင်စားနေရတာလဲ Hostမတတ်နိုင်ပါဘူးဆို]

"ငါမတတ်နိုင်ပေမဲ့လဲ ဈေးနှုန်းလေးကိုပဲ ကြည့်ကြတာပေါ့"

[အဲ့မှာကြည့်...ကြည့်]

ရှောင်မီဟူသည် အပြောနှင့်အလုပ်ညီစွာပင် storeထဲခေါ်သွားလိုက်သည်။

item၏ အောက်တွင်ရေးထားသော ၁၀၀၀၀၀၀၀၀မှတ် ဆိုသောစာတန်းကို ကြည့်လိုက်ချိန်တွင် ပိုင်ယွီခေါင်းကိုက်လာခဲ့သည်။

သူ့ဘဝ၌ ထိုitemမျိုးကို တတ်နိုင်မည့်နေ့ရောက်လာမလားကိုပင် မသိသေးပေ။ သို့သော် လက်ရှိတွင် ၎င်းပစ္စည်းအား အမှန်တကယ်လိုအပ်ပါသည်။

[Host စိတ်မပျက်သွားပါနဲ့ နောက်ကမ္ဘာကျ ခန္ဓာကိုယ်က အရမ်းသန်မာနေမှာမို့ ဒါမျိုးတွေမလိုတော့ဘူး]

"တကယ်လား"

ပိုင်ယွီ၏မျက်လုံးများက ချက်ချင်းပြူးကျယ်သွားသည်။

လွန်ခဲ့သောကမ္ဘာ၌ သူသည် အားနည်းသလို အသုံးလဲမကျပေ။ ယခုကဲ့သို့ သန်မာသောကိုယ်ခန္ဓာအား ရရှိမည်ဟုဆိုသောအခါ မယုံကြည်နိုင်ခဲ့ပေ။

"ဘယ်လောက်ထိသန်မာမှာလဲ"

ပိုင်ယွီတစ်ယောက် အလွန်အမင်းစိတ်လှုပ်ရှားနေလေသည်။

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 5 to 8)Where stories live. Discover now