Arc 5.2(1)

749 77 0
                                    

unicode

အပိုင်း(၁၀၂)(လက်စားချေနေသောဆရာတူညီလေး၏ ဖိအားပေးအချစ် ၂.၁)

လန်ယွမ်၏နှလုံးသားက ပြင်းထန်စွာခုန်ပေါက်နေသည်။

သူခေါ်ထားသူများသည် ပိုင်ယွီ၏အနားသို့ချဉ်းကပ်သွားပြီး ပိုင်ယွီ၏ခန္ဓာကိုယ်အား ထိကိုင်နေကြသည်။ လန်ယွမ်က လက်ကိုခါထုတ်လိုက်ချိန်တွင် ထိုသူများအားလုံး ကြမ်းပေါ်လဲကျကုန်သည်။

"ထွက်သွား..."

"ဒါပေမဲ့ ခေါင်းဆောင်က..."

"မဟုတ်ဘူး ငါမင်းကိုထွက်သွားခိုင်းနေတာ မင်းနားလည်လား"

လန်ယွမ်၏မျက်လုံးများက အရိုးကိုပင်ဖောက်ထွင်းသွားမတတ် အေးစက်နေသည်။

"ငါဘာပြောနေတာလဲ နောက်တစ်ကြိမ်ထပ်ပြောရအောင်မလုပ်နဲ့"

လန်ယွမ်၏စကားကို ကြားလိုက်ရသောအခါ ထိုလူများသည်လဲ ကြောက်လန့်တကြားနှင့် ပျောက်ကွယ်သွားကြသည်။

လန်ယွမ်သည် မေ့မြောနေသောပိုင်ယွီကိုကြည့်ကာ အဓိပ္ပါယ်မဖော်နိုင်သောအပြုံးကိုပြုံး၍ ပိုင်ယွီ၏အနားကိုလျှောက်လာပြီး ပွေ့ဖက်ထားလိုက်သည်။

လက်ထဲမှဓားကိုမြှောက်လိုက်ပြီး ပိုင်ယွီအားချုပ်နှောင်ထားသည့် သံကြိုးများအားလုံးကို ခုတ်ဖြတ်လိုက်သည်။

ပိုင်ယွီ၏ခန္ဓာကိုယ်လေးမှာ လန်ယွမ်၏ရင်ခွင်ထဲ အတားအဆီးမရှိ ပြိုလဲကျလာသည်။

"ဆရာတူအစ်ကို..."

လန်ယွမ်သည် သူ့ရင်ခွင်ထဲမှလူသားကို စေ့စေ့ကြည့်ကာ နာကျင်စွာဆိုလိုက်သည်။

"အဲ့ဒီအချိန်တုန်းက ကျွန်တော့်အပေါ်မှာ ဘာကြောင့်များအဲ့လိုလုပ်ရပ်မျိုးအထိ လုပ်နိုင်ခဲ့ရတာလဲ"

သူ၏လက်ချောင်းများက ပိုင်ယွီ၏လည်ပင်းထက်တွင်တင်ထားပြီး အားအနည်းငယ်သုံးလိုက်ရုံနှင့် သူ့ရှေ့မှလူအား သေအောင်လည်ပင်းညှစ်သတ်နိုင်ပါသည်။

သို့သော် ဆုပ်ကိုင်ထားသောလက်အစုံက မလှုပ်ရှားလာခဲ့ပေ။

သူ၏စိတ်အစုံက အတိတ်ဆီ ပျံ့လွင့်သွားခဲ့သည်။

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 5 to 8)Where stories live. Discover now