Arc 5.10(1)

307 59 0
                                    

unicode

အပိုင်း(၁၁၀)(လက်စားချေနေသောဆရာတူညီလေး၏ ဖိအားပေးအချစ် ၁၀.၁)

ဆေးများအားလုံး အေးစက်သွားသည့်တိုင် ပိုင်ယွီက မနိုးထလာသေးချေ။

ပိုင်ယွီ၏ပါးစပ်ထဲသို့ ဆေးရည်များကို ကြိုးစားခွံ့ထည့်ကြည့်ပါသော်လဲ မေ့မြောနေခြင်းကြောင့် ပိုင်ယွီသည် လုံးဝမြိုမချနိုင်ခဲ့ပေ။

ဆေးရည်ပျစ်ပျစ်များက ပိုင်ယွီ၏နှုတ်ခမ်းထောင့်မှတဆင့် တစ်စက်ချင်းစီ ပြန်စီးကျလာသည်။

စိတ်ထဲ၌ အစိုးမရဖြစ်နေမှုကြောင့် လန်ယွမ် မျက်မှောင်ကြုံ့ထားမိသည်။

ဆေးရည်တစ်ငုံစာအား သူ၏ပါးစပ်ထဲသို့ လောင်းထည့်လိုက်ပြီးနောက် ပိုင်ယွီ၏ပါးစပ်နှင့်တေ့ကာ နည်းနည်းချင်းစီ တိုက်ကျွေးနေခဲ့သည်။

...

ပြင်းစွာသောခါးသက်မှုတို့က သူ၏လည်ချောင်းထဲသို့ စီးဝင်လာသည်။

မျက်တောင်မွှေးများ မသိမသာလှုပ်ခတ်သွားပြီးနောက် ပိုင်ယွီ၏မျက်လုံးများ ဖြေးညှင်းစွာပွင့်လာပြီး သူ့ရှေ့တွင်ရှိနေသည့် လန်ယွမ်၏မျက်နှာကို မြင်လိုက်ရသည်။

ထိုသူ၏နှုတ်ခမ်းများက သူ့နှုတ်ခမ်းနှင့်ကပ်နေပြီး ဆေးရည်ခါးများကို ပါးစပ်ထဲခွံ့ထည့်နေသည်။

လန်ယွမ်၏ပုံစံမှာ အနည်းငယ်မျ ဝမ်းနည်းနေသလိုပင်။ လှုပ်ရှားမှုတို့ကအစ အလွန်အမင်း ငြင်သာနေခဲ့သည်။

ဤကမ္ဘာသို့ ရောက်လာချိန်မှစ၍ ပိုင်ယွီသည် အမြဲလိုလို လန်ယွမ်နှင့်စကားများခဲ့ရပြီး စကားတစ်ခွန်းပင် ဖြောင့်ဖြောင့်မပြောခဲ့ရပေ။

ယခုအခါတွင်မူ လန်ယွမ်က သူ့အား အလွန်ငြင်သာစွာဆက်ဆံနေသည်ကို ရုတ်တရက်မြင်လိုက်ရသည်။

သူ့ကိုယ်သူကွယ်လွန်သွားပြီဟု ပိုင်ယွီ ထင်မှတ်နေမိသည်။ လက်ရှိပုံစံမှာ လွန်ခဲ့ပြီးသောကမ္ဘာထံပြန်ရောက်သွားခဲ့ပြီး ဗီလိန်က သူ့အား တယုတယနှင့် ဆက်ဆံနေသည်နှင့်တူသည်။

မျက်လုံးစွန်း၌ ငွေ့ရည်များဖွဲ့လာပုံရပြီး နှလုံးသားထဲ၌မူ ပြင်းစွာနာကျင်နေရဆဲပင်။

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 5 to 8)Where stories live. Discover now