Arc 5.12(2)

483 85 6
                                    

unicode

အပိုင်း(၁၁၃) (လက်စားချေနေသောဆရာတူညီလေး၏ ဖိအားပေးအချစ် ၁၂.၂)

သူ၏ခန့်မှန်းချက်တို့က လုံးဝမလွဲမှားနေခဲ့ပေ။ ဆရာတူအစ်ကိုသည် အမှန်တကယ်ပင် သဝန်တိုနေခဲ့ခြင်းဖြစ်သည်။

လန်ယွမ်၏မျက်နှာထက်၌ အပြုံးတစ်ပွင့်ရှိနေပြီး ပိုင်ယွီ၏နှုတ်ခမ်းအစုံအား သူ၏နှုတ်ခမ်းနှင့် အကြိမ်ကြိမ်အဖန်ဖန် ပွတ်တိုက်နေခဲ့သည်။

"ကျွန်တော်လက်ထပ်တော့မယ်လို့ ဆရာတူအစ်ကို့ကို ဘယ်သူကပြောတာလဲ ဆရာတူအစ်ကိုမှမဟုတ်ရင် ဒီဘဝမှာ ဘယ်လိုလုပ်ပြီး အခြားတစ်ယောက်ကို လက်ထပ်နိုင်မှာလဲ ပိုင်လျန်ဟွားဂိုဏ်းက ကောင်မလေးက ကျွန်တော်တို့ရဲ့ ဒုဂိုဏ်းချုပ်ကို သဘောကျနေတာပါ ဒါပေမဲ့ ဒုဂိုဏ်းချုပ်က သစ်သားတုံးကြီးဖြစ်နေတာက ဝမ်းနည်းစရာပဲ ဒါကြောင့်လဲ အခုလိုအစီအစဉ်တွေအထိ ဖြစ်လာရတာ ဒုဂိုဏ်းချုပ်ကို လှုပ်နိုးပေးမဲ့အစီအစဉ်က အလုပ်ဖြစ်ပါစေလို့ မျှော်လင့်မိသား"

လန်ယွမ်သည် စကားပြောနေရင်းမှ ပိုင်ယွီအား အိပ်ရာထက်သို့ တွန်းလှဲလိုက်သည်။

သူ၏လက်ချောင်းများက ပိုင်ယွီ၏လက်မောင်းကို ဆုပ်ကိုင်ထားကာ နှုတ်ခမ်းအစုံကမူ ပိုင်ယွီ၏လည်တိုင်ကျော့ကျော့အား ဖြေးညှင်းစွာ နမ်းရှိုက်နေပြန်သည်။

"ဒါပေမဲ့ ဒုဂိုဏ်းချုပ်ကို လှုပ်နိုးရာကနေ ဆရာတူအစ်ကို့ကိုပါ လှုံ့ဆော်ပေးသွားနိုင်မယ်လို့ ကျွန်တော်တကယ်မမျှော်လင့်ထားမိဘူး"

ပိုင်ယွီသည် ထိုကိစ္စမျိုးရှိနေမည်ဟု မမျှော်လင့်ထားမိချေ။ ထို့ကြောင့်လဲ သဝန်တိုခဲ့ခြင်းပင်။

ပိုင်ယွီ မျက်မှောင်ကြုံ့ထားမိပြီး သူ၏မျက်နှာလေးကလဲ မရှောင်လွှဲနိုင်လောက်အောင် ရဲတွတ်နေခဲ့သည်။

"အရင်စုဝေးပွဲမှာတုန်းက မင်းငါ့ကို ပြောခဲ့တာတွေကရော..."

ပိုင်ယွီအပေါ်၌ အမှန်တကယ်ပင် တရားလွန်သွားခဲ့သည့် ထိုနေ့ကအဖြစ်အပျက်ကို လန်ယွမ်တွေးမိသွားသည်။

ထိုအချိန်ကမူ သူ့နှလုံးသားထဲ၌ ဆရာတူအစ်ကိုအား ချစ်မိနေပါသော်လဲ သူ၏ခံစားချက်များကို လုံးဝရင်မဆိုင်ရဲခဲ့ပေ။ ထို့ပြင် သူ့နှလုံးသားထဲ၌ ဆရာတူအစ်ကို့အပေါ်တွင် ထားရှိမိသော အမုန်းတရားတို့က ပြင်းထန်နေဆဲပင်။

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 5 to 8)Where stories live. Discover now