Arc 5.7(2)

309 52 0
                                    

unicode

အပိုင်း(၁၀၈)(လက်စားချေနေသောဆရာတူညီလေး၏ ဖိအားပေးအချစ် ၇.၂)

သူလိုချင်သည်က ထိုသို့သောသက်ရောက်မှုပင်။

ကြီးမြတ်လှပါသော သူတို့၏ဂိုဏ်းချုပ်ကြီးသည် လောကတစ်ခွင်မှ မည့်သူ့ကိုမဆို ကြိုက်နှစ်သက်နိုင်ပါသော်လဲ ထိုတစ်ယောက်ကိုသဘောကျ၍တော့ မရနိုင်ပါချေ။

မိစ္ဆာဂိုဏ်းမှဂိုဏ်းချုပ်သည် ကိုယ်ခံပညာမဟာမိတ်ဂိုဏ်းတစ်ခုမှ ဂိုဏ်းချုပ်နှင့် မေတ္တာမျှနေကြသည်။

ထုတ်ပြောရုံနဲ့ပင် အမှန်တကယ် ရယ်ချင်စရာကောင်းလှသည်။

သူတို့၏ဂိုဏ်းအတွက် ဤနေ့ဤအချိန်၌ ဤသို့နေရာမျိူးတွင် ရပ်တည်နေနိုင်ရန်က အလွယ်တကူဖြစ်ခဲ့သောအရာမဟုတ်ပေ။

သူတို့၏ဂိုဏ်းချုပ်အနေနှင့် ပိုင်ယွီ၏အပြစ်အနာအဆာများကို မေ့ထားပေးနိုင်သည့်အထိ အမှန်တကယ်ကြီးမြတ်၍ လူတိုင်း၏ချစ်ခင်လေးစားခြင်းကို ခံထားရသူဖြစ်သည်။

မိမိတို့ဂိုဏ်းချုပ်အနေနှင့် တွေ့ရာမည်သူမဆိုအား နှစ်သက်၍ရနေသည့်တိုင် ကိုယ်တိုင်ဖမ်းဆီးထားသော ဝူလင်ဂိုဏ်းမှ ဂိုဏ်းချုပ်ကိုပင် သဘောကျနေသေးသည်။

ရှောင်ချင်၏အကြံပေးချက်ကို ကြားလိုက်ရသည့်တိုင် လန်ယွမ်က ဘာမှမပြောခဲ့ပေ။

မျက်ခုံးတို့ကသာ မသိမသာတွန့်ချိုးထားသည်။

မည်သည့်တို့ကို တွေးနေမှန်းကိုပင် မသိရပေ။

"ဂိုဏ်းချုပ် ကျွန်တော်ပြောတာတွေ နားထောင်နေ..."

ရှောင်ချင်၏စကားမဆုံးသေးခင်မှာပင် လန်ယွမ်က ကြားဖြတ်ပြောလာသည်။

"ထားလိုက်တော့ ဒီကိစ္စကို နောက်မှဆက်ဆွေးနွေးကြတာပေါ့"

လန်ယွမ်သည် နောက်ဆက်တွဲအကျိုးဆက်များကို မစဉ်းစားဘဲ အမြဲလုပ်တတ်ပြီး မိမိစိတ်ချမ်းသာရာကိုသာ ရွေးလုပ်တတ်သည်။

သူ၏ဆရာတူအစ်ကိုကိုဖမ်း၍ အကျဉ်းချခဲ့စဉ်ကပင် ဒေါသကြောင့် စိတ်လိုက်မာန်ပါလုပ်ခဲ့ခြင်းသာဖြစ်သည်။

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 5 to 8)Where stories live. Discover now