Arc 5.6(1)

1.2K 104 2
                                    

unicode

အပိုင်း(၁၀၆)(လက်စားချေနေသောဆရာတူညီလေး၏ ဖိအားပေးအချစ် ၆.၁)

"ခင်ဗျားက ကျွန်တော့်ကို အရမ်းမုန်းတီးနေတယ်ပေါ့"

လန်ယွမ် ဒေါသတကြီးနှင့် အော်ဟစ်လိုက်သည်။

"ဟုတ်တယ်"

ပိုင်ယွီ၏မျက်နှာမှာ ရေခဲတမျှ အေးစက်မာကျောနေသည်။

"ငါမင်းကိုမုန်းတယ် အရမ်းမုန်း...အွန်း..."

စကားမဆုံးခင်မှာပင် လန်ယွမ်သည် ပိုင်ယွီအား အိပ်ရာပေါ်တွန်းလှဲချလိုက်သည်။

ပိုင်ယွီ၏ပါးစပ်အား သူ၏နှုတ်ခမ်းဖြင့် ပိတ်ထားလေသည်။

အရင်းနှီးဆုံးသော အပြုအမူဖြစ်သည့်နမ်းရှိုက်ခြင်းဖြစ်ခဲ့သည့်တိုင် စစ်ပွဲတစ်ခုကဲ့သို့ လုယူခြင်းထံ ပြောင်းလဲသွားခဲ့သည်။

ရုန်းကန်နေသော ပိုင်ယွီ၏လက်များက လန်ယွမ်ကြောင့် အိပ်ရာခေါင်းရင်း၌ အဖိခံထားရသည်။

အနမ်းသည် လွှမ်းမိုးနိုင်စွမ်းကြီးမားပြီး စိတ်အားထက်သန်မှုတို့ပါဝင်သည်။

ပိုင်ယွီသည် လန်ယွမ်၏လက်မှ မလွတ်မြောက်နိုင်တော့သဖြင့် အလွန်ဒေါသထွက်သွားပြီး တစ်ဖက်လူ၏နှုတ်ခမ်းကို ကိုက်ချလိုက်သည်။

ထိုနှုတ်ခမ်းမှ သွေးမထွက်လာမချင်း မလွှတ်ပေးခဲ့ချေ။

ပြင်းထန်သောသွေးရနံ့က ၂ဦးစလုံး၏ခံတွင်းထဲ စိမ့်ဝင်သွားခဲ့ပြီး တံတွေးနှင့်ရောနေသောသွေးများက အစာအိမ်ထဲ မြိုချခံလိုက်ရသည်။

ပိုင်ယွီ၏ခန္ဓာကိုယ်မှာ တုန်ရင်နေပြီး အဆုံးသတ်၌ ထိုနှုတ်ခမ်းအား ဆက်မကိုက်ထားနိုင်တော့ဘဲ လွှတ်ပေးလိုက်သည်။ နာကျင်မှုအကြားမှ မျက်စိစုံမှိတ်ကာ လန်ယွမ်၏စိတ်တိုင်းကျ ခွင့်ပြုထားပေးလိုက်သည်။

ပိုင်ယွီ၏သွားများ ပြေလျော့သွားသဖြင့် သူအနိုင်ရသွားပြီဖြစ်ကြောင်း လန်ယွမ်သိလိုက်သည်။

အနမ်းက ဆက်နေဆဲပင်။

သို့သော် ယခင်ကကဲ့သို့ မကြမ်းတမ်းတော့ဘဲ တဖြည်းဖြည်းနူးညံ့လာသည်။

နူးညံ့မှုနှင့်အတူ ပေါ့ပါးသောအထိအတွေ့က လိုက်ပါလာသည်။

ပိုင်ယွီအား မလွှတ်ပေးချင်အထိ ထိုအနမ်းသည် မည်မျှကြာရှည်သွားခဲ့သည်ကို လန်ယွမ်မသိတော့ပေ။

"ဆရာတူအစ်ကို ခင်ဗျားက ကျွန်တော့်အပိုင်ပဲ ဒီကမ္ဘာမှာ ကျွန်တော်တစ်ယောက်ထဲကပဲ ခင်ဗျားကိုနမ်းခွင့်ရှိတာ"

"ငါက မင်းအပိုင်မဟုတ်ဘူး"

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 5 to 8)Where stories live. Discover now