Arc 5.11(2)

324 60 0
                                    

unicode

အပိုင်း(၁၁၂)(လက်စားချေနေသောဆရာတူညီလေး၏ ဖိအားပေးအချစ် ၁၁.၂)

"လန်ယွမ် ဘာလို့ဒီကိုရောက်နေတာလဲ ငါနဲ့အတူကစားမယ်လို့ နင်သဘောတူထားတယ်လေ"

ထိုမိန်းကလေးအား ပိုင်ယွီ ကြည့်လိုက်မိသည်။ မိန်းမငယ်လေးသည် တောက်ပသောမျက်ဝန်းအစုံနှင့် ဖြူဖွေးသောသွားများရှိသည်။ အနီရဲရဲဝတ်စုံကိုဝတ်ဆင်ထားပြီး စကားပြောပုံက သွက်လက်တက်ကြွသည်။

ကြည့်လိုက်ရုံနဲ့တင် တက်ကြွမှုအပြည့်နှင့် ငယ်ရွယ်နုပျိုသော မိန်းမငယ်လေးတစ်ယောက်ပင်။

ဝင်ခါနီးနေလုံးနှင့်တူသော သူ့လိုမဟုတ်ပါပေ။

လန်ယွမ်အနေနှင့် ထိုသို့လူမျိုးကို နှစ်သက်သည်က အံ့သြစရာမရှိပါချေ။

"ငါအလုပ်ရှုပ်နေတယ် လာမနှောင့်ယှက်နဲ့"

လန်ယွမ်၏အသံထဲ၌ စိတ်မရှည်မှုများပါဝင်နေသည်။

"ရက်အတော်များများလောက် မင်းနဲ့အတူမရှိနိုင်ဘူး"

"ဒါပေမဲ့ ဒီနေရာမှာ ငါကောင်းကောင်းသိတာက နင်တစ်ယောက်ပဲရှိတာ"

မိန်းကလေးသည် ပိုင်ယွီမရှိနေသကဲ့သို့ပင် လန်ယွမ်ကိုသာ စကားပြောနေသည်။

အတန်ကြာအောင် ပြောကြပြီးနောက်မှ ပိုင်ယွီကိုမြင်သွားပုံပင်။

"သူက..."

"ငါ့ရဲ့ဆရာတူအစ်ကို"

စကားပြောနေရင်းမှ လန်ယွမ်သည် သူ၏ခန္ဓာကိုယ်ကိုသုံး၍ ပိုင်ယွီအား မသိမသာကွယ်ဝှက်လိုက်ပုံမှာ ထိုမိန်းကလေးက တွေ့မြင်သွားမည့်အတိုင်းပင်။

"ဒါဆိုလဲ နင့်ရဲ့ဆရာတူအစ်ကိုကိုပါ ငါတို့နဲ့အတူ ဆော့ခိုင်းလိုက်ပါလား"

"မရဘူး"

ပိုင်ယွီ မဖြေကြားခင်မှာပင် လန်ယွမ်က အရင်ဖြေလိုက်သည်။

"ဒါပေမဲ့ နင့်ရဲ့ဆရာတူအစ်ကိုက နေကောင်းပုံလဲမရပါဘူး ထားလိုက်ပါတော့ လာပါ သွားကစားကြရအောင်"

မိန်းမငယ်လေးသည် ပိုင်ယွီအား သိပ်စိတ်မဝင်စားသောကြောင့် တစ်ခါသာခေါ်ခဲ့သည်။

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 5 to 8)Where stories live. Discover now