Arc 5.1(2)

1.3K 131 7
                                    

unicode

အပိုင်း(၁၀၂)(လက်စားချေနေသောဆရာတူညီလေး၏ ဖိအားပေးအချစ် ၁.၂)

ဤသို့သောအပြုအမူများကိုလုပ်နေသည့်တိုင် ထိုသူ၏အဝတ်အစားများက အလွန်သပ်ရပ်နေဆဲဖြစ်ပြီး တစ်စုံတစ်ရာကိုမှ မချွတ်ထားချေ။

ပြင်းထန်သောလေ့ကျင့်ခန်းကြောင့် ထိုသူ၏ကိုယ်ပေါ်မှ သစ်လွင်သောအဝတ်အစားများက အနည်းငယ်တွန့်ကြေနေပြီး ရင်ဘတ်နေရာတွင် အနည်းငယ်ရှုပ်ပွနေသည်။

"မင်းဘာကိုလိုချင်နေတာလဲ"

ပိုင်ယွီ၏အသံမှာ အက်ကွဲနေပြီး သူ၏လက်ရှိအနေအထားအရ အလွန်အမင်းအားအင်ချိနဲ့နေပြီး အချိန်မရွေးမူးလဲသွားနိုင်သည်ဟု ခံစားနေရသည်။

ပိုင်ယွီသည် သူ၏လက်ကောက်ဝတ်ကိုလှုပ်ရန် ကြိုးစားနေပြီး ခန္ဓာကိုယ်မှလက်ကျန်အင်အားနှင့် ထိုသို့သောအချုပ်အနှောင်များကို ဖျက်ဆီးပစ်ရန် ကြိုးစားနေခဲ့သည်။

မစ်ရှင်ကိုပြီးမြောက်အောင် ကြိုးစားခိုင်းထားလျှင်ပင် ဤနေရာမျိုး၌ တစ်သက်လုံးမနေချင်ပါပေ။

သို့သော် သူလုပ်သမျှ အရာမဝင်တော့သည်က ထင်ရှားလှသည်။

သူ့အားချုပ်နှောင်ထားသည့်သံကွင်းသည် အံဝင်ခွင်ကျဖြစ်နေပြီး လုံးဝမချိုးဖျက်နိုင်ပေ။

"ကျွန်တော်ဘာလိုချင်လဲဆိုတာ ဆရာတူအစ်ကိုကပဲ ပြောပြပေးပါဦး"

လန်ယွမ်သည် ပိုင်ယွီအား ပျော်ရွှင်စွာကြည့်နေသည်။

ဤနေ့သည် ဂိုဏ်းမှနှင်ထုတ်ခံရသည့် ၅နှစ်အတွင်း၌ အပျော်ဆုံးနေ့ဖြစ်သည်။ နောက်ဆုံးတွင်သူသည် ဖြောင့်မတ်မှန်ကန်ပြီး သိက္ခာကြီးမားကာ သစ္စာရှိလှသည့်ဆရာတူအစ်ကိုအား မြေမှုန့်များထဲသို့ နင်းချေလိုက်ပြီဖြစ်သည်။

ယခုအချိန်၌ ကြီးကျယ်ခမ်းနားလှသော ဂိုဏ်းခေါင်းဆောင်သည် သူ့ခန္ဓာကိုယ်အာက်မှ ကျွန်တစ်ယောက်ဖြစ်နေပြီဟု မည်သူကထင်ပါမည်နည်း။

ကလေးလေးတစ်ယောက်နှင့်ပင်တူသည်။

သူ၏ထိုးသွင်းမှုများကြောင့် အလွန်အမင်းနာကျင်နေရသည့် ပိုင်ယွီ၏အမူအရာကိုကြည့်ကာ လန်ယွမ်၏အမူအရာတို့က စတင်ရွှင်လန်းလာသည်။

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 5 to 8)Where stories live. Discover now