Arc 5.11(1)

314 57 0
                                    

unicode

အပိုင်း(၁၁၁)(လက်စားချေနေသောဆရာတူညီလေး၏ ဖိအားပေးအချစ် ၁၁.၁)

လန်ယွမ်သည် အပြောနှင့်အလုပ်ညီခဲ့ပြီး ပိုင်ယွီ၏ရှေ့၌မပေါ်လာအောင် အပြင်းအထန် ကြိုးစားနေလေသည်။

ထို့ကြောင့် နောက်ထပ်၂ရက်တွင် လုံးဝမပေါ်လာခဲ့ပေ။

ပိုင်ယွီသည် အခန်းလေးထဲတွင် တစ်ယောက်ထဲနေထိုင်ကာ သေခြင်းတရားကို စောင့်မျှော်နေခဲ့သည်။

ထိုအချိန်တွင် မိစ္ဆာဂိုဏ်းအတွင်း၌ နောက်ဆုံးပေါ်သတင်းတစ်ပုဒ် ပျံ့နှံ့နေခဲ့သည်။

ပိုင်လျန်ဟွားဂိုဏ်းမှ ဂိုဏ်းခေါင်းဆောင်သည် သမီးဖြစ်သူအား မိစ္ဆာဂိုဏ်းမှ ဂိုဏ်းချုပ်ဖြစ်သူလန်ယွမ်နှင့် လက်ထပ်ခွင့်တောင်းနေခြင်းပင်။ ထို့ပြင် အမျိုးသမီးလေးသည် မိစ္ဆာဂိုဏ်းသို့ ကိုယ်တိုင်လာရောက်ခဲ့သည်။

လူအများပြောစကားအရ ထိုမိန်းကလေးသည် လွန်ခဲ့သော၂နှစ်က လန်ယွမ်နှင့် ပထမဆုံးတွေ့ဆုံခဲ့ကြပြီး မြင်မြင်ချင်းချစ်မိသည်ဟုဆိုသည်။

ထို့ကြောင့် လက်ထပ်ပွဲသည် အောင်မြင်မည့်ကိစ္စပင်။

မိစ္ဆာဂိုဏ်းအတွက် အရေးကြီးသောကိစ္စဖြစ်၍ တစ်ကြိမ်ထဲနှင့် နေရာအနှံ့သို့ ပျံ့နှံ့သွားခဲ့သည်။

လူတိုင်းက လက်ထပ်ပွဲကြီး အောင်မြင်မည့်အရေးကို စောင့်မျှော်နေကြသည်။

ပိုင်ယွီနေထိုင်သော ထောင့်စွန်းအကျဆုံးအခန်းလေး၌ပင် အစေခံမိန်းကလေးတို့က ထိုအကြောင်းဆွေးနွေးနေကြသည်။

ပိုင်ယွီ အခန်းအပြင်ဘက်မထွက်လာလျှင်ပင် ထိုမိန်းကလေး၏လှပပုံ၊ အရပ်ဘက်စစ်ဘက်ဗျူဟာတို့၌ ကျွမ်းကျင်ပိုင်နိုင်ပုံ၊ သူတို့၏ဂိုဏ်းချုပ်နှင့်မည်မျှအထိလိုက်ဖက်ပုံတို့ကို အတိုင်းသား ကြားနေရသည်။

ပိုင်ယွီသည် ပါးစပ်ကိုလက်နှင့်အုပ်၍ ဆက်တိုက်ချောင်းဆိုးနေလေသည်။

တကယ်တမ်းတွင် ဤနေရာမှထွက်သွားချင်သည်ဟု ပြောခဲ့သော်လဲ ဆေးဝါးများသောက်ခဲ့ရပြီးနောက် နေ့ရက်များကို ရေတွက်နေနိုင်ချိန်တွင် ခွဲခွာရန်တုံ့ဆိုင်းမိစေသောဗီလိန်က သူ့နှလုံးသားထဲ၌ ပို၍နေရာယူလာခဲ့သည်။

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 5 to 8)Where stories live. Discover now