Arc 5.10(2)

319 61 0
                                    

unicode

အပိုင်း(၁၁၁)(လက်စားချေနေသောဆရာတူညီလေး၏ ဖိအားပေးအချစ် ၁၀.၂)

နှစ်ဦးသားမှာ ကမ္ဘာ့ရန်ဘက်များ ဖြစ်နေပုံရသော်လဲ သူ့ဘက်မှစ၍ နှလုံးသားကိုထုတ်ပေးခဲ့သည်။

လန်ယွမ်သည် ပိုင်ယွီအား အတင်းပွေ့ဖက်ထားပြီး တစ်ဖက်လူ၏ဖြစ်တည်မှုကိုခံစားရန် အပြင်းအထန်ကြိုးစားနေခဲ့သည်။

သူ၏ဆရာတူအစ်ကိုအား သဘောကျပါသည်။ ထိုသူအား အမှန်တကယ်ပင် မြတ်နိုးရပါသည်။

[ဒင် ပစ်မှတ်ရဲ့နှစ်သက်မှု +၂၀ လက်ရှိနှစ်သက်မှုနှုန်း ၅၀%]

နှစ်သက်မှုတို့က ဆက်တိုက်တက်လာသော်လဲ ပိုင်ယွီ လုံးဝမပျော်ရွှင်ခဲ့ပေ။

အဘယ့်ကြောင့်ဆိုသော သူအလိုရှိသည်မှာ ထိုနှစ်သက်မှုများမဟုတ်ဘဲ ဗီလိန်၏နှလုံးသားကိုသာ အလိုရှိသောကြောင့်ပင်။

သူအလိုရှိသည်က ထိုအရာတစ်ခုတည်းသာဖြစ်သည်။

ပိုင်ယွီ၏မျက်ရည်များ စီးကျလာပြန်သည်။

လန်ယွမ်သည် ပိုင်ယွီအား မနေမနားစောင့်ရှောက်ပေးနေသဖြင့် အဝတ်အစားများပင် လဲချိန်မရခဲ့ချေ။ သူ၏အဝတ်အစားများ၌ မနေ့ကရခဲ့သော အမျိုးသမီး၏ရနံ့က ရနေဆဲဖြစ်သည်။

ထိုရနံ့သည် ပျောက်ကွယ်လုနီးပါးဖြစ်နေခဲ့သောငြား ပိုင်ယွီအတွက်မူ သည်းမခံနိုင်လောက်အောင် ပြင်းထန်နေဆဲပင်။

လန်ယွမ်သည် သူ့အားသဘောကျသည်ဟုဆိုသော်လဲ တစ်ချိန်တည်းမှာပင် အခြားသူများကိုလဲ သဘောကျနေသေးသည်။

ထိုသိုမဟုတ်ခြင်းပါလော။

အကယ်၍ အလွန်နှစ်သက်နေခဲ့လျှင်...

သူ့အားမလိုချင်တော့ပါက....

မေ့လိုက်ကြရအောင်....

မည်သို့ပင်ဖြစ်စေ သူသည်လဲ သေလုမြောပါးဖြစ်ကာ ဤကမ္ဘာမှ ထွက်ခွာရပေတော့မည်။

အဘယ်ကြောင့်များ ကြိုးစားပန်းစား ရုန်းကန်နေပါဦးမည်နည်း။

ပိုင်ယွီ လက်သီးတင်းတင်းဆုပ်ကာ ပေါ့ပေါ့ပါးပါးလေးပြောလိုက်သည်။

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 5 to 8)Where stories live. Discover now