Arc 5.13(2)

655 121 18
                                    

unicode

အပိုင်း(၁၁၄)(လက်စားချေနေသောဆရာတူညီလေး၏ ဖိအားပေးအချစ် ၁၃.၂)

"လန်ယွမ် ငါမထွက်သွားခင် မင်းကိုဖက်ထားလို့ရမလား"

ပိုင်ယွီ သူ့ရှေ့မှလူအား တုံ့ဆိုင်းစွာကြည့်နေမိသည်။ နောက်ဆုံးအကြိမ်အနေနှင့် ထိုသူအား အမှန်တကယ် ပွေ့ဖက်ထားချင်မိပါသည်။

သို့သော် လန်ယွမ်၏မျက်နှာက ရေသေထက်ပင် တည်ငြိမ်နေခဲ့သည်။

သူ့လက်ထဲမှဓားက အရှေ့ပိုတိုးလာပြီး ပိုင်ယွီ၏ရင်ဘတ်မှ သွေးများစီးကျလာသည်။

"ကျွန်တော့်ကိုဖက်မယ်..."

အဓိပ္ပါယ်မဲ့သောစကားများကို ကြားလိုက်ရသည့်နှယ် လန်ယွမ် အော်ရယ်နေမိသည်။ ကမ္ဘာပေါ်၌ အရယ်ရဆုံးဟာသကို ကြားလိုက်ရသလိုပင်။ သူ၏ရယ်သံများက တစ်ကမ္ဘာလုံးကို ပဲ့တင်ထပ်သွားခဲ့သည်။

သူ့အား သတ်ပစ်ချင်နေသောလူက သူ့ကိုပွေ့ဖက်ချင်နေသည့်ကိစ္စကို စိတ်ကူးပင်ယဉ်ကြည့်၍မရပေ။

"ဘယ်လိုလုပ်ပြီး ခင်ဗျားက ကျွန်တော့်ကို ဖက်ချင်နေရပြန်တာလဲ"

လန်ယွမ်၏လေသံထဲ၌ ထေ့ငေါ့ခြင်းတို့အပြည့်ပင်။

"ခင်ဗျားက ကျွန်တော့်ကိုဖက်ထားပြီး သတိလက်လွတ်ဖြစ်နေချိန်မှာ ထပ်ပြီးလုပ်ကြံဦးမလို့လား ပိုင်ယွီ ကျွန်တော်ပြောလိုက်မယ် ခင်ဗျား အိပ်မက်မက်မနေနဲ့တော့"

လန်ယွမ် အော်ဟစ်လိုက်သည်။

သူ့လက်ထဲမှဓားကလဲ စတင်တုန်ရီလာသည်။ တစ်လက်မလောက် နစ်ဝင်သွားသည်နှင့် ဓားဖျားသည် ပိုင်ယွီ၏နှလုံးထဲ တိုးဝင်သွားပါလိမ့်မည်။

နှလုံးသားက တစ်စစီမဖြစ်သေးသော်လဲ တစ်စစီဖြစ်နေသလိုမျိုး ပိုင်ယွီ ခံစားနေရသည်။

သို့သော် သူ့နှလုံးသားက အစိတ်စိတ်အမြွှာမြွှာဖြစ်နေလျှင်ပင် သူ၏လေသံက ပေါ့ပါးတည်ငြိမ်နေဆဲပင်။

"ဒီကိစ္စကို...ထားလိုက်ပါတော့ မင်းရဲ့သဘောအတိုင်း ဒီနေရာကနေ ငါချက်ချင်းထွက်သွားပေးပါ့မယ်"

You've reached the end of published parts.

⏰ Last updated: Apr 21 ⏰

Add this story to your Library to get notified about new parts!

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 5 to 8)Where stories live. Discover now