Arc 5.5(1)

669 80 0
                                    

unicode

အပိုင်း(၁၀၅)(လက်စားချေနေသောဆရာတူညီလေး၏ ဖိအားပေးအချစ်၅.၁)

"ငါမသောက်ဘူးလို့ မင်းကိုပြောနေတယ်လေ ငါ့ကိုဒီလိုဖိအားပေးရတာကို အတော်သဘောကျနေတာလား"

"ဆရာတူအစ်ကို...ဒီလိုကိစ္စလေးကို ဘာကြောင့်များ ဖိအားပေးတယ်လို့ တွေးနိုင်ရတာလဲ ကျွန်တော်က ဒီအတိုင်း ဝိုင်ခွက်လေးကမ်းပေးနေရုံပါ"

လန်ယွမ်၏မျက်လုံးထဲ၌ ခေါင်းမာမှုအပြည့်ပင်။

ကိစ္စအသေးအမွှားလေးသာဖြစ်သော်လဲ ၂ဦး၂ဖက်စလုံးက အလျှော့ပေးလိုစိတ်မရှိပေ။

ထိုအချိန်တွင် လန်ယွမ်ထိုင်နေစဉ်က ဖက်ထားခဲ့သောလူငယ်လေးက မတ်တပ်ထရပ်လိုက်သည်။

"ဂိုဏ်းချုပ်ရဲ့ အမျိုးသားအချစ်တော်က သေချာမလေ့ကျင့်ထားရပုံပဲ ဘာလို့များ ကျွန်တော့်လက်ထဲမအပ်ရတာလဲ ဂိုဏ်းချုပ်အတွက် သူ့ကိုလေ့ကျင့်ပေးမှာပေါ့"

သူ့ရှေ့တွင်ရှိနေသည့် ပိုင်ယွီအား ဂိုဏ်းချုပ်မှဖိနှိပ်ခဲ့သည်များကို ရှောင်ချင်မှတ်မိနေဆဲပင်။ ထိုသူသည် ကိုယ်ခံပညာမဟာမိတ်ဂိုဏ်း၏ခေါင်းဆောင်ဖြစ်ခဲ့သော်လဲ လက်ရှိတွင်မူ သူတို့ဂိုဏ်းချုပ်၏အမျိုးသားအချစ်တော်အဆင့်သာရှိတော့သည်။

အရာအားလုံးဆုံးရှုံးထားသော ကိုယ်ခံပညာရှင်၏လေ့ကျင့်ရေးအကြောင်း တွေးကြည့်ရုံနဲ့တင် အလွန်စိတ်ဝင်စားစရာကောင်းလှပေသည်။

လန်ယွမ်သည် ထိုစကားလုံးများကို မကြည်မသာနှင့်နားထောင်နေသော်လဲ ချက်ချင်းလက်ငင်း မငြင်းဆိုခဲ့ပေ။

ပိုင်ယွီကမူ လန်ယွမ်အား မလှုပ်မယှက်ကြည့်နေဆဲပင်။

သူ၏နှလုံးသားမှာ ဖြေးဖြေးချင်းစီ နစ်မြုပ်ဝင်နေသည်။

သူသည် ထိုမှအထိနိမ့်ကျသူအဖြစ် သတ်မှတ်ခံရမည်ဟု စိတ်ကူးပင်မယဉ်ကြည့်ဖူးပေ။

ရုတ်တရက် လည်ချောင်းထဲမှ ညှီစို့စို့အရသာက ဆန်တက်လာသည်။

သူ့ခန္ဓာကိုယ်မှာ အမှန်တကယ်ဆိုးရွားနေပြီဖြစ်သည်။ မတ်မတ်ရပ်နေရုံမျှနှင့်ပင် သွေးထွက်နေရသည်။

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 5 to 8)Where stories live. Discover now