Arc 5.3(2)

642 76 0
                                    

unicode

အပိုင်း(၁၀၄)(လက်စားချေနေသောဆရာတူညီလေး၏ ဖိအားပေးအချစ် ၃.၂)

သူ့အားလန်ယွမ်ခွံ့ကျွေးနေသည့် ပြောင်းဆန်ယာဂုသည် နူးညံ့ချိုမြိန်ကာ အဆီအနှစ်ပြည့်ဝသောကြောင့် တစ်ဇွန်းခန့်စားလိုက်ရုံနဲ့တင် ဤယာဂုအားချက်ထားသော စားတော်ကဲသည် များစွာစဉ်းစား၍ချက်ပြုတ်ခဲ့ရသည်ကို အတပ်ပြောနိုင်သည်။

ပိုင်ယွီ သဘောကျစွာဖြင့် ခေါင်းငြိမ့်ပြလိုက်ပြီး

"အရသာကောင်းတယ်"

"တကယ်လား"

လန်ယွမ်က လက်ကိုဆန့်၍ ပိုင်ယွီ၏မေးစေ့ကို အသာပင့်တင်ကာ ပိုင်ယွီ၏နှုတ်ခမ်းအား လျှာဖြင့်လျက်လိုက်သည်။

ထိုသူ၏နှုတ်ခမ်းအား နည်းနည်းချင်းစီလျက်လိုက်ရုံနှင့် ချိုမြိန်သောအငွေ့အသက်တို့က သူ၏ပါးစပ်ထဲ တိုးဝင်လာသည်။

အမှန်တကယ်ပင် နူးညံ့၍ ချိုမြိန်လှပေသည်။

သို့်သော် ဤမျှပမာဏအနည်းငယ်လောက်နှင့် လုံလောက်မည့်ပုံမရပါချေ။ နည်းပါးလွန်းပါသည်။

ပိုင်ယွီ၏ပါးစပ်ထဲသို့ သူ့လျှာကိုထိုးသွင်းလိုက်သည်။ ထိုအခါမှ ပို၍ချိုမြိန်လာသလိုပင်။ ချိုမြိန်နေသည်က ပြောင်းဆန်ယာဂုလော ထိုအမျိုးသားလော မသိတော့ပါပေ။

"ဆရာတူအစ်ကိုပြောတာ မှန်သားပဲ အရသာက တကယ်ကောင်းတယ်"

လန်ယွမ်၏မျက်နှာထက်၌ အပြုံးတစ်ပွင့် ဖြစ်တည်နေသည်။

သူ၏ပုံစံမှာ ကမ္ဘာကြီး၏ချိုမြိန်မှုကို ခိုးယူမြည်းစမ်းခွင့်ရလိုက်သော လမ်းဘေးကြောင်လေးနှင့်ပင်တူသည်။

စကားပြောနေရင်းမှ လန်ယွမ်၏နှုတ်ခမ်းအစုံသည် ပိုင်ယွီ၏နှုတ်ခမ်းနှင့်ဖိကပ်ကာ ငြင်သာစွာအတိုးအဆုတ်ပြုနေလေသည်။

ထိုအချိန်၌ သူတို့၂ဦးသည် ချစ်ကြည်နူးနေကြသော အမတနတ်ဘုရားစုံတွဲနှင့်ဆင်တူသည်။

နှစ်သက်မှုအဆင့်က -၇၀%တွင် ရပ်နေပြီး လုံးဝမတိုးတက်လာခဲ့ပေ။ ထိုသို့သာမဟုတ်ပါက အနှီသူ၏စိတ်နှလုံးသည် အမှန်တကယ်ပြောင်းလဲသွားပြီဟု ပိုင်ယွီထင်မိလိမ့်မည်။

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 5 to 8)Where stories live. Discover now