Part - 1 ( Unicode )

76.5K 3K 47
                                    

ညဆယ်နာရီနီးပါးအချိန် ။နီယွန်မီးရောင်ရဲ့အောက်
တိတ်ဆိတ်ငြိမ်သက်နေသည့်လမ်းမကြီး ။ လေရူးက
တသုန်သုန်တိုက်ခတ်နေသေးသည်။ အဝေးဆီမှာ
ရီသံလွင်လွင်လေးကိုကြားနေရသည်။ ထိုရီသံတို့က
နီးကပ်လာသည်နှင့်အမျှ မြင်တွေ့ရသည်က စက်ဘီးနှစ်စီးနှင့်လူနှစ်ယောက် ။ သေသေချာချာကြည်မယ်ဆိုပါက
တစ်ယောက်နဲ့တစ်ယောက်အနိုင်မခံအရှုံးမပေး စက်ဘီးပြိုင် စီးနေသည့်ကောင်လေးနှစ်ယောက် ။


လမ်းဘေးကနေ စက်ဘီးတွေကိုအားစိုက်နင်းပြီး အပြင်း
အထန်ပြိုင်ဆိုင်နေသည့်ကြားထဲကနေ ကလေးဆန်စွာ
ရီမောနေကျသေးသည်။ လမ်းမကြီးပေါ် စက်ဘီးပြိုင်စီးနေ
တုန်းမှာပင် လမ်းကြားထဲကနေ အရှိန်ဖြင့်မောင်းလာသောကားတစ်စီးက စက်ဘီးသမားတွေဆီကို တည့်မတ်စွာ
မောင်းဝင်လာလေသည်။ နှစ်ဖက်စလုံးကြောင်အသွားစဉ်
မှာပင် ကားသမားကသူ့ကားကို စက်ဘီးသမားတွေနှင့်
လွတ်ရာကိုဆွဲချဖို့ကြိုးစားခဲ့ပုံရ၏ ။ ဦးတည်ရာနေရာအနည်း
ငယ်လွဲသွားသော်လည်း စက်ဘီးတစ်စီးကိုဝင်တိုက်မိပြီးသည်
နှင့်တပြိုင်ထဲ အရှိန်ပြင်းလွန်းသည့်ကားသည်လည်း အခြား
မျက်နှာချင်းဆိုင်လမ်းကြောမှာရှိနေသည့် ကုန်တင်ကားနှင့်
ခေါင်းချင်းဆိုင်ဆောင့်မိကာ တစ်ပတ်မကာလည်ပြီးမှရပ်တန့် သွားလေတော့၏ ။အချိန်ခဏလေးအတွင်းမှာပင် ကတ္တရာ
လမ်းမကြီးထက် သွေးညှီနံ့တို့လှိုင်တက်လာလေတော့သည်။

စက္ကန့်အရေအတွက်များမှသည် မိနစ်အနည်းငယ်သို့ကူးပြောင်းသွားသည့်အခိုက်အတန့်မှာတော့ အဝေးဆီမှာ အချက်ပြမီးအနီရောင်ဖြင့်အရေးပေါ် Ambulance ကားသံကိုကြားလိုက်ရတော့သည်။တစ်နေရာစီမှာလဲကျနေသည့်လူသုံးဦးအား  Ambulanceကားပေါ်ကိုတင်သည့်အချိန် အသက်ငွေ့ငွေ့ သာရှုနိုင်တော့သည့်လူတစ်ဦးက တာဝန်ရှိသူတစ်ယောက် ၏လက်ကိုလှမ်းဆွဲလာကာ

" ကယ် ကယ်ပေးပါ ကျေးဇူးပြုပြီး စက်ဘီးသမားရဲ့
အသက်ကို ရအောင်ကယ်ပေးပါ "

*
*
*
*
*
*
*
*

ဆေးရုံတစ်ခု၏အရေးပေါ်ဆွေးနွေးခန်းအတွင်း တာဝန်ရှိသူ
ဆရာဝန်ကြီးများနှင့်အတူ ထိုဆရာဝန်ကြီးများအားလုံးမြင်
နိုင်သည့်စားပွဲခုံပေါ်တွင်တင်ထားသည့် ဖိုင်တစ်ခု ။

My Husband Hates Me ( Completed )Where stories live. Discover now