Part - 11 ( Unicode)

40.8K 2.2K 71
                                    

အပိုင်း - ၁၁


" အင်း ချမ်းတယ် "

အိပ်ယာနိုးနေတာမဟုတ်ဘဲ ယောင်ယမ်းပြီးပြောနေတာ
မျိုးမို့ အာလေးလျှာလေးအသံလေးဖြစ်နေသည်။
နှုတ်ခမ်းပါးလေးကိုဖွဖွလေးစုပ်ယူနမ်းရှိုက်လိုက်ပြီးမှ

" ကိုယ်ဖက်ပေးထားရင်မချမ်းတော့ဘူး အိပ်လိုက်နော် "

ကိုယ့်လက်မောင်းကိုခေါင်းအုံးစေပြီးမှ ကျောပြင်လေးကို
ပုတ်သိပ်ပေးနေလိုက်သည်။ သိပ်အကြာခင်ပဲ
နှစ်ယောက်အတူ အိပ်ပျော်သွားလေတော့သည်။

အိမ်မက်ထဲတွေအထိ သက်ထက်ပန်က လိုက်နှောက်
ယှက်နေတာမို့ မကိုဋ်ကျေနပ်စွာပြုံးနေမိတော့သည်
ထင်ပါရဲ့။

*
*
*
*
*
*
*
*

" နောက်တစ်ပတ်ထဲ ကိုယ်ခရီးသွားစရာရှိတယ် ၊
အနည်းဆုံးငါးရက်ကြာမယ် ပြည်ပခရီးမို့အဲဒီထက်
ပိုရင်လည်းပိုကြာနိုင်တယ် ၊ အလုပ်တွေအဆင်ပြေရင်
တော့.လေးရက်လောက်ပဲဖြစ်ချင်လဲဖြစ်မယ် ၊
ကိုယ်မရှိတဲ့အချိန်အတောအတွင်းမှာ အိမ်က
လူကြီးတွေရဲ့စကားကိုနားထောင် ၊ နောက်ပြီး
အိမ်ထဲမှာပဲနေပြီး ပြောရဆိုရလဲခက်မနေဖို့
မျှော်လင့်တယ် "

မနေ့ထဲက သူ့အတွက်ဝယ်လာပေးထားသည့်
ကိတ်ဘူးကိုဖွင့်ကာ ဇွန်းဖြင့်ခတ်စားနေရင်းမှ
ကိုယ့်ကိုမော့ကြည့်လာသည်။ ပြီးတာနဲ့ခေါင်းပဲ
ညှိမ့်ပြလာတာကြောင့်

" မင်းလင်ကခရီးသွားမှာကို ဘာမှတောင်မမှာတော့
ဘူးလား ၊ အနည်းဆုံးတော့ ကျန်းမာရေးဂရုစိုက်ပါ
လောက်ပြောသင့်တယ်ထင်တာပဲ အခုတော့အစား
အသောက်ကိုပဲဂရုစိုက်နေတယ် မသိရင်အရင်ရက်
တွေက ဘာမှမကျွေးဘဲအငတ်ထားနေတဲ့အတိုင်း "

ကိုယ့်စကားကြောင့် မျက်လုံးကြီးပြူးပြီး ဘေးဘီကို
လှည့်ကြည့်နေလေသည်။ဧည့်ခန်းထဲမှာထိုင်နေတာမို့
ဘေးနားမှာ ဘယ်သူ့မှရှိမနေတာကိုသိတော့မှ

" ဘယ်လိုဖြစ်လို့ မင်းလင်ဆိုတာကြီးကိုပြောနေ
တာလဲ ၊သူများတွေကြားသွားရင် ရှက်စရာကြီးကို "

" ငါကမင်းလင်မို့ မင်းလင်လို့ပြောတာလေ ငါပြောတာ
မမှန်လို့လား မင်းလင်လို့ပြောတာမကြိုက်ရင်
မင်းလင်ငါက ဘယ်လိုပြော "

My Husband Hates Me ( Completed )Where stories live. Discover now