Part - 2 ( Unicode )

45.1K 2.7K 146
                                    


အပိုင်း - ၂


ဝဋ်ကြွေးတွေသာပါလာရင်
ဘယ်လောက်ပဲရေစက်ဖြတ်ဖြတ်
သံသရာတစ်ကွေ့ကွေ့မှာ
ကျိန်းသေပြန်ဆုံတွေ့ရတက်တယ်လေ ။

*
*
*
*
*
*
*
*

" ဒုန်း! ! "

ကျယ်လောင်စွာမြည်ဟီးသွားတဲ့တံခါးဖွင့်သံကြောင့် အခန်းထဲရှိလူတွေအားလုံးလန့်သွားကြပြီး အသံကြားရဆီသို့
လှည့်ကြည့်လာကြသည်။ ဦးထက်အောင်နဲ့ဒေါ်နှင်းပန်းအိမ်တို့ရဲ့ကတော့ မကိုဋ်ကိုမြင်တာနဲ့မျက်နှာပျက်သွားရင်း

" ဒီအချိန်ကြီး ဘာလာလုပ်တာလဲ မကိုဋ်ထွဋ်ခေါင် "

မျက်နှာတည်တည်နဲ့မေးလာတဲ့ အဖေ့ရဲ့အမေးစကားကို
ပြန်မဖြေသေးပဲ  အောက်စီဂျင်ပိုက်တန်းလန်းနဲ့ ကုတင်ဘောင်ပေါ် ကိုယ်တစ်ပိုင်းမှီပြီးထိုင်နေတဲ့သူဆီကိုသာ အရှိန်နဲ့ပြေးဝင်သွားလိုက်သည်။ အားအင်အပြည့်နဲ့လက်သီးက ထိုလူသားပေါ်မကျရောက်သေးခင်မှာပင် နောက်ကျောဆီကနေ
ကိုယ့်ကို သိမ်းကျုံးပွေ့ဖက်ထားတာကိုခံလိုက်ရပြီး

" မကိုဋ်ထွဋ်ခေါင်!! မင်း အခုဘာလာလုပ်တာလဲလို့
ငါမေးနေတယ်လေ "

ဒေါသကြောင့် ဘာစကားမှပြန်မပြောနိုင်သေးဘဲ အဖေ့လက်ထဲကနေသာ အားနဲ့ရုန်းထွက်နေမိ၏။ ဒေါ်နှင်းပန်းအိမ်က
တော့ ဘာဖြစ်နေမှန်းမသိတဲ့အခြေအနေတွင် သူ့သားကိုသာကာကွယ်ဖို့အသင့်ရှိနေသလိုမျိုး သူ့သားရဲ့ခန္ဓာကိုယ်ကို
သိမ်းကျုံးပွေ့ဖက်ထားလေ၏။ ကုတင်ပေါ်ကတစ်ယောက်က
တော့ ပြူးကျယ်ဝိုင်းစက်နေသောမျက်လုံးတွေနှင့် ကိုယ့်ကိုသာငေးကြည့်နေတာကို မုန်းတီးဖွယ်မြင်လိုက်ရလေသည်။
ကိုယ်က အဖေ့လက်ထဲကနေလွတ်အောင်ရုန်းကန်နေတဲ့အချိန် အားပြင်းပြင်းနဲ့ စောင့်တွန်းတာကိုခံလိုက်ရပြီး တမံသလင်းပေါ်ကို နောက်ပြန်လဲကျသွားရလေတော့သည်။
အဖေ့မျက်နှာက ဒေါသကြောင့်ရဲရဲနီနေလေပြီ။

" သက်ထက်ပန်က နေမကောင်းဘူး မကိုဋ်၊ မတော်တဆမှုဖြစ်ထားတာအခုထိလမ်းမလျှောက်နိုင်သေးဘူး ၊ အဲဒါကို
မင်းကပါ ဘာလာဖြစ်နေတာလဲ ၊ ဘာဖြစ်နေတာလဲလို့
အဖေဖြစ်သူကမေးရင် ကောင်းကောင်းဖြေလိုက်ပေါ့ ၊
ကလေးက မင်းကိုကြည့်ပြီးလန့်နေရှာပြီ "

My Husband Hates Me ( Completed )Where stories live. Discover now