Thank you for all ( uni+Zaw)

29K 614 10
                                    

Unicode

26.3.2023 ရက်ကနေ စတင်ခဲ့တဲ့ My husband Hates Me ဆိုတဲ့ မကိုဋ်ထွဋ်ခေါင်နဲ့သက်ထက်ပန်တို့ရဲ့ခရီလေးက 25.6.2023 မှာ အဆုံးသတ်နိုင်ခဲ့ပြီ။3ရက်တစ်ပိုင်း ပုံမှန်Update တင်ပေးနေရင်းကနေကြားထဲမှာ မီးအဆင်မပြေလို့စာမရေးနိုင်ခဲ့တာကလွဲရင်ပျက်ရက်သိပ်မရှိလို့ ကိုယ့်ကိုကိုယ်လဲချီးကျူးလိုက်တယ်။3 လ လောက်အတွင်း Completed အောင်ရေးနိုင်ခဲ့တာဆိုတော့အများကြီးပျော်ရွှင်ရပါတယ်။လိုအပ်ချက်တွေရှိနေရင်တော့ အပြစ်မမြင်ကျတာကိုလည်းကျေးဇူးတင်ပါတယ် ။ စာစရေးထဲက စာအုပ်ထုတ်ရပါစေ။
လူကြိုက်များပါစေဆိုပြီး အခြားသူတွေအကြိုက်လိုက်ရေးတာမျိုးထက် ကိုယ့်အတွေးထဲရှိတာကိုသာချရေးဖြစ်တဲ့သူမို့ ဒီကြားထဲစာမူလာကမ်းပေးတဲ့တိုက်တွေကိုတကယ်ကျေးဇူးတင်မဆုံးပါဘူး ။

My Husband Hates Me မှာတော့ ပုံမှန်ဖတ်ဖူးနေကျဇာတ်သိမ်းပုံစံတွေကနေခွဲထွက်အောင်ရေးပေးထားတာကိုဖတ်ရတာအဆင်မပြေတဲ့သူတွေရှိရင်လဲ တောင်းပန်ပါတယ်။

ထုံးစံအတိုင်းပေါ့ Eros_90 ရဲ့ပုံစံအတိုင်း ရေးချင်တဲ့
ပုံစံတွေကိုရေးနေပါဦးမယ်။ 3ရက်ကို တစ်ပိုင်းUpdateပေးတက်တဲ့ ကျွန်တော့်ရဲ့မူပိုင်ပုံစံအတိုင်း နောက်ထပ်3ရက်ကြာရင် အသစ်တစ်ပုဒ်နဲ့ပြန်လာခဲ့ပါမယ် ။Fic အသစ်အတွက် Review ကိုလည်း တစ်ခါထဲ

တင်ပေးလိုက်ပါတယ်။သဘောကျတယ်ဆိုရင်
အတူလိုက်ပါစီးမျောပေးဖို့တောင်းဆိုပါရစေ။



( မခူးဝံ့သည့် ပန်း Review )

မောရိယတိုင်းပြည်၏ စစ်သွေးကြွရှင်ဘုရင် မောရိယသူရဇ္ဇနှင့် မည်သည့်အရပ်ဒေသမှ ရောက်ရှိလာမှန်းမသိ အတိတ်ကို
မေ့နေသည့် ရှင်လွန်းငယ်ဆိုသည့် လူသားနှယောက်
အကြောင်းကို စိတ်ကူးဖြင့် ပုံဖော်ကြည့်မိခြင်းဖြစ်ပါသည်။

ရိုင်းစိုင်းခက်ထန်သောစစ်သွေးကြွဘုရင်မောရိယသူရဇ္ဇ နှင့်
နတ်သက်ကြွေကျလာလေသလားဟုထင်ရလောက်အောင်
လှပကျော့ရှင်းသည့် အမျိုးသားငယ်လေးကြားထဲက
ချစ်ခြင်းမေတ္တာအကြောင်း ရေးဖွဲ့ဖြစ်သည့် " မခူးဝံ့သည့်
ပန်း " အချိန်အားဖြင့် ခရစ်နှစ် ၁၀၄၄ - ၁၀၇၇ ခုနှစ်
ပုုဂံပြည် တမ္ပဒီပနန်းတော်တွင် ဘုရင်အနိရုဒ္ဓါအရှင်မြတ်က
မင်းအဖြစ် စိုးစံတော်မူသည့်အချိန်ကို ဇာတ်တည်ထားပြီ
တဆက်ထဲမှာပဲအိမ်နီးချင်း မောရိယနိုင်ငံတော်ကို ကိုယ်ပိုင်
စိတ်ကူးဖြင့် ပုံဖော်ရေးသားထားခြင်းသာဖြစ်ပါသည် ။

My Husband Hates Me ( Completed )Where stories live. Discover now