Part - 7 ( Unicode )

40.5K 2.3K 130
                                    

အပိုင်း - ၇

ဆရာဝန်ပြန်သွားတဲ့အချိန်မှာတော့ မကိုဋ်တစ်ယောက်
မေ့မြောနေဆဲဖြစ်သည့်ကောင်လေးကို ခပ်တိုးတိုး
တောင်းပန်လိုက်မိတော့၏။

" တောင်းပန်ပါတယ် ငါ့ကြောင့်မင်းမှာနစ်နာမှုတွေ
ရှိသွားရပြီး အများကြီးနာကျင်ခဲ့ရလို့ ငါက
တောင်းပန်ပါတယ်"

*
*
*
*
*
*
*
*

" မင်း ဘယ်လိုနေသေးလဲ "

" ဒီအိမ်ကို ဘယ်အချိန်ပြန်ခေါ်လာတာလဲ "

" မင်းနေလို့ကောင်းလားမေးနေတာကို အရင်ဖြေလေ
ကွာ ၊ ဒီအိမ်ကိုဘယ်အချိန်ပြန်ခေါ်လာလဲဆိုတာက
အရေးကြီးလို့လား "

" နေကောင်းပြီ၊ ဟိုဘက်အိမ်ပြန်မယ် "

သက်ထက်ပန်ရဲ့ပုံစံက အရာအားလုံးကိုမှတ်မိနေ
တာတောင် လုံးဝစိတ်ဆိုးဟန်မပြ။ ခံစားချက်တွေကို
မျိုသိပ်ထားပုံရလေသည်။ အမှန်ဆို သူအရမ်းစိတ်ဆိုး
နေရမှာလေ ။ စကားလုံးတွေနဲ့ဖြစ်ဖြစ် တိုက်ခိုက်ပြော
ဆိုနေရမှာ။အခုအခြေအနေကြီးက သွေးအေးလွန်းနေ
တာကြောင့် နည်းနည်းတော့လန့်စရာကောင်းသည်။

" ကျွန်တော်ဟိုဘက်အိမ်ကိုပြန်မယ်လို့ ပြောနေတယ်
လေ"

" စိတ်တောင်မကူးနဲ့ ၊ ဟိုဘက်အိမ်ကမင်းအတွက်
မလုံခြုံလို့ဒီကိုပြန်ခေါ်လာတာ ၊ ဒီအိမ်မှာနေတာက
မင်းအတွက် အန္တရာယ်အကင်းဆုံးနဲ့အဆင်အပြေဆုံးပဲ "

" ဒါပေမဲ့ ကျွန်တော်မနေချင်ဘူးလေ ခင်ဗျားဘာလုပ်
ခဲ့လဲဆိုတာကို မမေ့သေးဘူးမဟုတ်လား ခင်ဗျားလိုလူနဲ့
မျက်နှာချင်းဆိုင်ပြီးနေရလောက်အောင် ကျွန်တော်
အရှက်မမဲ့သေးဘူး "

" မင်းနေကောင်းအောင်သာအရင်လုပ်ပါ ၊ ပြီးမှ
ကျန်တဲ့ကိစ္စကိုဆက်ပြီးဆွေးနွေးမယ် "

" ကျွန်တော် ဒီမှာမနေချင် "

" မနေချင်လဲ နေရမှာပဲသက်ထက်ပန် ၊ မင်းအတွက်
အန္တရာယ်ရှိတယ်ဆိုနဲ့စကားက အပြောင်အပျက်
ဟာသပြောနေတာမဟုတ်ဘူး ၊ တကယ်အန္တရာယ်ရှိလို့
ငါပြောနေရတာ ငါ့ကိုမကျေနပ်တာဖြစ်နေတာကို
နားလည်တယ်ငါ့ကိုမကျေနပ်ယုံနဲ့တော့ မင်းအသက်ကို
အလောင်းအစားမလုပ်နဲ့လေ "

My Husband Hates Me ( Completed )Where stories live. Discover now