အပိုင်း - ၅" သားမျက်ရည်တွေ ကိုကို့အင်္ကျီမှာပေကုန်ပြီ "
" အေးပေါ့ အခုတော့ငါအင်္ကျီပြန်လဲရတော့မယ်
မသိရင်ခွေးပေါက်လေး အီနေတာကျနေတာပဲကွာ "" ဟိုလေ သားကြောင့်ဆိုတော့ အင်္ကျီတွေလိုက်ပြီး
ရွေးပေးရမလားဟင် "ရတယ် ငါ့ဘာသာလုပ်လိုက်မယ်လို့ပြောလိုက်ချင်ပေမယ့်
ထပ်ငိုနေမှာစိုးတာနဲ့" ဒါပေါ့ မင်းကြောင့်ဖြစ်တဲ့ဟာ မင်းလိုက်ရွေးပေးရမှာပေါ့ "
*
*
*
*
*
*
*
*" လူဇော်ရဲ့သတင်းကို ဘာတွေကြားရသေးလဲ "
" ဒီကောင်ခြေရာပျောက်နေတယ်ဆရာ ၊ သတင်းကြားရ
သလောက်ဆိုရင် ထိုင်းဖက်ကမ်းကိုရောက်နေတယ်ကြားရ
တယ် ၊ ရဲလက်ကနေလွတ်အောင်ရှောင်နေတဲ့ပုံပဲ "" အဲကောင်ကြာကြာမရှောင်နိုင်ဘူး ငါပြန်ရောက်နေတယ်ဆိုတာကိုသိရင် ကျိန်းသေပြန်ဝင်လာလိမ့်မယ် ၊ သူ့သတင်းအတိအကျရအောင်သာစုံစမ်းထား ၊ အဓိက,က
သူ ဒီဘက်ကိုပြန်မရောက်လာခင် သတင်းရဖို့်လိုတယ် ၊
ဒီကောင်က မြေခွေးလိုကောင်မျိုး "" သူက သက်ထက်ပန်ကိုလဲ အလွတ်ပေးမယ့်ပုံတော့
မပေါ်ဘူး "" သက်ထက်ပန်အတွက်က အရမ်းတော့စိတ်မပူစရာမရှိ
တော့ဘူး ၊ ငါ့အရိပ်အာဝါသအောက်မှာရောက်နေတဲ့သူကို
ရှေ့ကလူတွေလိုမျိုး လက်လွတ်စပယ်သူမလုပ်ရဲတော့တာ
သေချာတယ်၊ ငါ့ရဲ့အရိပ်အာဝါသအောက်ကလူကိုထိလာရင် သူဘယ်လိုပြန်ခံစားရမလဲဆိုတာ ဒင်းကောင်းကောင်းသိထား
ပြီးသားလေ "" ဆရာကို အသိပေးစရာရှိသေးတယ် ၊ ဟိုဘက်ကနေ
အဆက်အသွယ်ရလာပြီ ၊ ဆရာပြောထားတဲ့ကိစ္စကို
သူတို့လက်ခံတယ်တဲ့ ၊ လုပ်ငန်းလက်လွှဲယူမယ့်သူဌေးအသစ်ကလည်း ဥရောပဘက်ကလို့ပြောတယ် ၊ သူတို့နဲ့ပူးပေါင်း
ဖို့အဆင်ပြေတယ်ပေါ့ ၊ သူတို့ကတော့ ဆရာ့ကိုနောက်ဆုံး
အနေနဲ့တစ်ခေါက်လောက်တော့ ပြန်စဉ်းစားပါဦးပြောတယ်၊
လုပ်ငန်းကရနေတဲ့အကျိုးအမြတ်က မနည်းဘူးဆိုတော့လေ ၊
ရပ်လိုက်ဖို့ကို လုံးဝဆုံးဖြတ်ပြီးပြီဆိုရင်တော့ ဆရာ့အတွက်
ရပိုင်ခွင့်အားလုံးကို လွှဲပြောင်းပေးပါ့မယ်တဲ့ ၊ ဆရာက ငွေသားအနေနဲ့လက်ခံယူချင်တယ်ဆိုရင်လည်း အဲဒီငွေကြေးပမာဏအားလုံးကို တရားဝင်ငွေကြေးအနေနဲ့ ဒီဘက်ကိုစီးဆင်းလာစေဖို့ သူတို့က နည်းလမ်းရှာထားပြီပြောတယ် "
YOU ARE READING
My Husband Hates Me ( Completed )
Fanfiction" သက်ထက်ပန်! ! ငါ မင်းကိုသေလောက်အောင်မုန်းတယ် " " အင်း! ! ကျွန်တော်ကလည်း ခင်ဗျားကိုချစ်မနေပါဘူး " " သက်ထက်ပန်! ! ငါ မင်းကိုသေလောက်အောင်မုန်းတယ် " " အင်း! ! ကျွန်တော်ကလည်း ခင်ဗျားကိုချစ်မနေပါဘူး " Start Date - 19.3.2023 End Date - 25.6.2023