Part - 18 ( Unicode )

35.4K 2K 104
                                    

အပိုင်း - ၁၈



" ကိုကို ကလေးလေးက လေးလတောင်ပြည့်ခါနီးပြီ
ဆိုတော့လေ ပထမဆုံးအချိန်ထဲက သားဆီရောက်လာ
တာပေါ့နော်၊ သားတို့မှာ ကလေးလေးရှိနေပြီတဲ့
ကိုကိုမပျော်ဘူးလားဟင်၊ ကိုကိုနဲ့သားရဲ့ရင်သွေးလေး
သားက ကိုကိုနဲ့တူတဲ့ကလေးလေးကိုမွေးချင် "

" ဖျက်ချလိုက်သက်ထက်ပန် ၊ အဲကလေးကို
ငါမလိုချင်တာမို့ ဖျက်ချလိုက်ရအောင် ၊ အဲဒီအစား
ငါက မင်းကိုအများကြီးပိုဂရုစိုက်ပေးမယ်လို့
ကတိပေးတယ် ၊ အဲတော့ ဒီကလေးကို ခပ်မြန်မြန်ပဲ
ဖျက်ချလိုက်ရအောင် "



*
*
*
*
*
*
*
*

" ကိုကို ဘာ ဘာ ပြောလိုက် "

မထင်မှတ်ထားသည့်စကားမို့ နားကြားမှားသည်ပင်
ထင်လိုက်မိ၏ ။ ဒါကြောင့်ပဲနောက်တစ်ကြိမ် ပြန်မေး
လိုက်မိတာ။

" မင်းဗိုက်ထဲက ကလေးကို ဖျက်ချလိုက်လို့ပြောနေ
တာ "

သွေးအေးစွာနဲ့ တစ်လုံးချင်းပြောလာသည့်စကား ။
မဖြစ်နိုင်တာ ဒါကသူ့ရဲ့သွေးသားလေ။ဘယ်လိုအဖေမျိုး
က ကိုယ့်ကလေးကိုဖျက်ချလို့ပြောရက်မှာလဲ။

" မ မဟုတ်ဘူးလေကိုကို ဒီ ဒီကလေးက ကိုကို့သွေး
သားလေ အဲဒါကိုဘယ်လိုတောင် ဖျက်ချဖို့ပြောတာလဲ "

" ငါ့သွေးသားမို့ငါမလိုချင်ရင် ဖျက်ချခွင့်ရှိတယ်လေ၊
သက်ထက် ကိုကိုပြောတာကို နားထောင်စမ်း ၊ ကိုကိုက
အပြင်မှာအလုပ်လုပ်နေရတာ ကလေးတစ်ယောက်ကို
ကြည့်ဖို့အချိန်အားမနေဘူး ၊ သက်ထက်အနေနဲ့လည်း
ဒီကလေးကိုမွေးပြီး ပြုစုပေးဖို့အဆင်မပြေဘူး ၊
အသက်၁၈နှစ်အရွယ်ကလေးက နောက်ထပ်ကလေး
တစ်ယောက်ကို လူလားမြောက်အောင် ဘယ်လို
စောင့်ရှောက်နိုင်မှာလဲ ၊အဲတော့ ကိုကိုတို့ကလေးမယူဘဲ
ဒီတိုင်းပျော်ပျော်ရွှင်ရွှင်နဲ့နေရအောင်လေ နော် "

ကိုကို့ရဲ့ပြောနေပုံက ဆုံးဖြတ်ထားပြီးသားအရာကို
မဖြစ်ဖြစ်အောင်အတင်းကိုလုပ်မည့်ပုံ။ အသက်၁၈နှစ်
အရွယ်ကိုယ်က ကလေးတစ်ယောက်ကိုမွေးပြီးပြုစုပေးဖို့
မသင့်တော်ဘူးလို့ ကိုကိုတွေးနေတာလား ။
ကိုယ်က အများကြီးလူကြီးဆန်ပေးမယ်ဆိုရင်ရော
ကလေးလေးကိုမွေးဖို့ ကိုကိုလက်ခံပေးနိုင်မလား ။

My Husband Hates Me ( Completed )Where stories live. Discover now