Part - 10 (Unicode)

43.5K 2.2K 62
                                    

အပိုင်း - 10

စိတ်လျှော့ထားနော်ကလေး ဘာမှမဖြစ်ဘူး
စိတ်ကိုအေးအေးထား "

ကလေးတစ်ယောက်ကိုချော့မြူသလိုမျိုး တတွတ်တွတ်
ပြောနေရင်းမှ ခါးအောက်ပိုင်းလှုပ်ရှားမှုကမြန်ဆန်လာ
တော့သည်။အံသြစရာကောင်းလောက်အောင်ကျန်းမာ
သန်စွမ်းပြီးသက်လုံကောင်းလွန်းတဲ့သူက ထိုညသန်းခေါင်
ကျော်ပြီးမိုးလင်းပိုင်းဝင်ရောက်သည့်အထိပင် ကိုယ့်ကို
မှောက်လိုက်လှန်လှန်ဖြင့် ကစားနေလေတော့၏ ။
သူ့ရဲ့နောက်ဆုံးအကြိမ်မှာတော့ ကိုယ်အသံပင်မတွက်နိုင်
တော့ဘဲပျော့ခွေနေရလေတော့သည်။နောက်ဆုံးမှတ်မိတာက
သူကိုယ်တိုင်ကိုယ်ကိုသန့်ရှင်းရေးလုပ်ပေးခဲ့ပြီး ကိုယ့်ကို
ဖက်ထားပေးကာသူ့ရင်ခွင်ထဲမှာအိပ်စက်စေခြင်းဖြစ်လေ
တော့သည်။

*
*
*
*
*
*
*
*

❗ဒီအပိုင်းတွင် သွေးထွက်သံယိုဖြစ်ခြင်းနှင့် လူသတ်ခြင်း
စသည့်အခန်းများပါဝင်ကြောင်း ကြိုတင်အသိပေးသည်။❗



အေးစိမ့်စိမ့်လေး ဖြစ်နေသည့်ခံစားချက်ကြောင့်
စောင်ခြုံထဲပိုတိုးဝင်လိုက်မိသည်။တစ်ညလုံးနွေးထွေး
လွန်းသည့်ခံစားချက်ကိုရရှိထားပေမယ့် မနက်လင်းလာ
သည့်အချိန်မှာတော့ ထိုအထိအတွေ့တို့က အနားမှာ
ရှိမနေတော့ပါ။စောင်ထူထူထဲတိုးဝင်နေတာတောင်
လိုအပ်သည့်အနွေးဓာတ်က လုံလောက်စွာမရရှိသေးပေ။
ရင်ငွေ့နွေးနွေးကမှ ပိုပြီးနွေးထွေးစေတာမျိုးလား ။

" အင်း! နာလိုက်တာ "

သတိမထားမိဘဲ ခန္ဓာကိုယ်ကိုလှုပ်ရှားလိုက်မိတာကြောင့်
ခါးအောက်ပိုင်းဆီမှ နာကျင်သွားရသည်။မနာခံနိုင်ရိုးလား ။
ညကတစ်ညလုံး။

" အား ရှက်စရာကြီးကွာ ဘယ်လိုမျက်နှာချင်းဆိုင်ရ
မလဲမသိတော့ပါဘူး "

မင်္ဂလာဦးညလို့ခေါင်းစဉ်တပ်ပြီး တစ်စုံတစ်ယောက်ရဲ့
စိတ်တိုင်းကျရယူသွားမှုတွေအကြောင်း သတိရမိသွား
တော့အိပ်ချင်စိတ်က ချက်ချင်းလွင့်ပျောက်သွားရသည်။
ညကအဖြစ်အပျက်တွေကို အာရုံထဲကနေအမြန်
မောင်းထုတ်တာတောင် ရှက်စိတ်ကလျော့မသွား။
အခန်းထဲမှာသူမရှိဘဲ ကိုယ်တစ်ယောက်ထဲဆိုသည့်
အသိကရှိနေတာတောင် ခေါင်းအုံးထဲမျက်နှာဖွက်ထား
မိတော့၏။ ကိုယ့်ကိုကိယ်တောင်ပြန်ရှက်နေမိသည့်
အထိ အရယူခံလိုက်ရသည်မဟုတ်လား ။

My Husband Hates Me ( Completed )Where stories live. Discover now