Part - 19 ( Zawgyi )

8.5K 218 7
                                    

အပိုင်း - ၁၉


" ဒီဆေးကို ဘာလို့သောက်တာလဲသား ၊ ဒီဆေးက
ကိုယ်ဝန်ဆောင်တွေမသောက်ရဘူးလေ ၊ ကိုယ်ဝန်
လနုရင် ကလေးပါပျက်ကျတက်တယ်၊ သားက ဒါကို
သောက်လိုက်တယ်ဆိုရင်တော့ အစထဲက သားအိမ်
အားနည်းလို့ ကိုယ်ဝန်ဆောင်ဖို့တောင်ခက်ခဲနေတဲ့
သားအတွက် ဗိုက်ထဲကကလေးက အဖက်မတင်ဖို့
ရာခိုင်နှုန်း များသွားပြီ ၊ အခုသွေးတွေတောင်ဆင်းနေပြီ
ဆိုတော့ သားစိတ်ကိုအတက်နိုင်ဆုံးပြင်ဆင်ထားစေချင်
တယ်"

ကြားလိုက်ရသည့်စကားကြောင့် ဒီဆေးကို ကိုကိုက
သောက်ခိုင်းထားတာဆိုသည့်စကားက လည်ချောင်းဝ
မှာတင် ပျောက်ကွယ်သွားတော့သည်။

ကိုကိုက ဘာလို့များ ဘာလို့များ။



*
*
*
*
*
*
*
*

" သက် သက်ထက်က ဘာဖြစ်တာလဲဒေါ်နွယ် "

အစည်းအဝေးပြီးပြီးချင်းမှာပင် လင်းမြတ်ရဲ့ သတင်းပေး
မှုကြောင့် အိမ်ကိုအမြန်ပြန်လာခဲ့ခြင်းဖြစ်သည်။
သက်ထက်ပန်တစ်ယောက် ကိုယ့်ပို့ပေးသည့်
ဆေးကိုသောက်ပြီး အိမ်ကိုဆရာဝန်ခေါ်ရသည့်အထိ
ဖြစ်သွားသည်လို့ အကြောင်းကြားလာခြင်းဖြစ်သည်။

" သားတို့ရုံးက ကောင်လေးတစ်ယောက်လာပို့ပေးတဲ့
ဆေးကိုသောက်ပြီး ကိုယ်ဝန်ကသွေးတွေဆင်းလာလို့
ဆရာဝန်ခေါ်လိုက်ရတယ် ၊ ဆေးက သားပို့ခိုင်းလိုက်
တာဆို ၊အဲဆေးက ကိုယ်ဝန်ဆောင်တွေမသောက်ရဘူးတဲ့
လနုရင်ကိုယ်ဝန်ပါပျက်ကျတက်တယ်လို့ဆရာဝန်ကပြော
သွားတယ် ၊ သက်ထက်လေးက အစထဲက ကိုယ်ဝန်
ဆောင်ဖို့အဆင်မပြေတဲ့ကလေးလေ၊ အခုဆေးကိုသောက်
ပါ ထပ်သောက်လိုက်မိတော့ ကလေးကအဖက်မတင်ဖို့်
သေချာသလောက်ရှိသွားပြီပြောတယ် ၊ သက်ထက်လေးခမျာ
ဆရာဝန်ပြန်သွားထဲက သူ့ဗိုက်လေးကိုဖြေးဖြေးလေး
ပွတ်နေပြီး ငိုလိုက်တာမှအသံတောင်ပျောက်ရောပဲ၊
သူ့ကလေးလေး သူအသုံးမကျလို့ဆိုပြီး ၊
ဘေးကနေ မြင်နေရတဲ့ကိုယ်တွေတောင်မျက်ရည်မခိုင်
တာ ကာယကံရှင်ဖြစ်တဲ့သူကပိုဆိုးမှာပေါ့ ၊ အဲဆေးက
သားပို့ခိုင်းလိုက်တာမဟုတ်ဘူးမို့လား သက်ထက်လေး
အထင်လွဲနေတယ်မဟုတ်လား "

My Husband Hates Me ( Completed )Where stories live. Discover now