Part - 23 ( Unicode)

32.8K 1.7K 65
                                    

အပိုင်း - ၂၃


" ကိုယ်ရူးနေပြီအသက်၊ မင်းကိုချစ်လွန်းလို့ ကိုယ်တကယ်
ရူးနေပြီ ဟား ဟား ဟား ဟား "


*
*
*
*
*
*
*
*


အခန်းထဲမှာ လူးလွန့််ခေါက်ပြန်လမ်းလျှောက်နေသူတစ်ဦး။
ထိုလမ်းလျှောက်နေသူကို သေသေချာချာကြည့်လိုက်မယ်
ဆိုရင် ခြေတစ်ချောင်းက အနည်းငယ်နိမ့်နေပြီး မျက်နှာပေါ်
တွင်လည်း ကြောက်စရာကောင်းသောအမာရွတ်တို့ရှိနေ
လေသည် ။

သူလမ်းလျှောက်နေပုံက ပုံမှန်မဟုတ်ချေ။ စိတ်လှုပ်ရှား
မှုကို ဖြေဖျောက်ဖို့အတွက်အာရုံပြောင်းနေခြင်းနှင့်
တူလေသည်။ ခဏအကြာမှာတော့ ဟောင်းနွမ်းနေပြီ
ဖြစ်သောထိုင်ခုံမှာဝင်ထိုင်လိုက်ရင်း သူ့ရှေ့က စားပွဲခုံ
ပေါ်မှာရှိနေသည့် လက်ကိုင်ဖုန်းကိုကြည့်နေမိသည်။
ထိုသူက လူဇော်။ လွန်ခဲ့တဲ့လအနည်းငယ်က
မကိုဋ်ထွဋ်ခေါင်လက်ချက်နဲ့ သေကံရောက်ခဲ့ရသော်လည်း
အသက်မပျောက်ခဲ့ရသည့်လူပင်ဖြစ်လေသည်။

ဒီနေ့တော့ မကိုဋ်ထွဋ်ခေါင်ဆိုတဲ့ကောင်ကို ပြန်ပြီး
လက်တုန့်ပြန်ခွင့်ရခဲ့လေပြီ။ ပထမအကြိမ် သေလောက်
သည့်အထိခံထားရခဲ့သူမို့ ဒီတစ်ခါတော့ ထိုသူနဲ့
မျက်နှာချင်းဆိုင်တွေ့ဆုံဖြေရှင်းရမည့်နည်းလမ်းကို
ရှာထားခဲ့ပြီးပြီ။ ဒီနည်းလမ်းအတွက် ကြားခံအသုံးချ
ရမည့်သူက ထက်မြတ်ဦး ။

ထက်မြတ်ဦးဆိုသည့်ကောင်က ကမ္ဘာပေါ်မှာ
သူသာအတော်ဆုံးဆိုပြီးနားထင်သွေးရောက်နေတဲ့သူမျိုး
မဟုတ်လား။ ဒီလိုကောင်တွေကို အသုံးချရတာ
သိပ်လွယ်ကူတယ်လေ။ သူ့အကြိုက်လေးမြှောက်ပေး
တတ်ဖို့တော့လိုတာပေါ့။

သက်ထက်ပန်ဆိုတဲ့ကောင်လေးက မကိုဋ်ထွဋ်ခေါင်ရဲ့
အားနည်းချက်ဖြစ်သလို ဘယ်သူကမှသွားထိလို့မရ
တဲ့တစ်ယောက်ထဲသောသူပဲ။ဒီလိုအန္တရာယ်များတဲ့သူကိုမှ
ထက်မြတ်ဦးကလိုချင်ပါတယ်လို့ဆိုလာသည့်အခါ
ကိုယ်တော်တော်ပျော်သွားမိသည်။ မကိုဋ်ရော
ထက်မြတ်ဉ်ီးကပါ အဆိပ်ပြင်လွန်းသူတွေမို့
ပြဿနာ ထိပ်တိုက်တွေ့ရင်ခပွဲကပြင်းထန်နိုင်တယ်လေ။

My Husband Hates Me ( Completed )Where stories live. Discover now