Part - 12 ( Zawgyi )

10K 263 5
                                    

အပိုင်း - ၁၂

" ပြော ဘာပြောစရာရှိလို့လဲ "

သက်ထက်ပန်မှာတော့ ကိုယ့်နှုတ်ခမ်းကိုကိုယ့်ဘာသာကိုက်ထားပြီး အသက်ဝအောင်ရှုလိုက်
မိသည်။ပြိီးကာမှ

" မြန် မြန်မြန်ပြန်လာခဲ့ နောက်ပြီး ကိုကို့ကိုလည်း
ဘာမှမထိခိုက်စေနဲ့ "

ချက်ချင်းဆိုသလိုပြတ်တောက်သွားသည့် လေလှိုင်းထဲကအသံလေး။တဖက်ကချလိုက်သည့်ဖုန်းကြောင့် ဘာမှပြန်ပြောခွင့်မရတော့ပေမယ့် လက်ထဲကဖုန်းကိုပြုံးပြုံးကြီးကြည့်နေမိသူက မကိုဋ်ပင်ဖြစ်သည်။ ကိုယ်က မင်းအတွက်သွေးကြွေးကိုဆပ်ပေးပြီးရင် ဘာအထိအခိုက်မှမရှိဘဲ သေချာပေါက်ပြန်လာမှာမို့ စောင့်နေပေးပါဘေဘီပိစိရေ။

*
*
*
*
*
*
*
*

" ကိုလင်းမြတ် အလုပ်အားလားဗျာ "

" ဟုတ်ကဲ့အားပါတယ် အကိုလေးဘာများပြော
စရာရှိလို့လဲ "

ကိုလင်းမြတ်က ကိုယ့်ထက်အသက်ကြီးပေမယ့်
သူတို့ဆရာနဲ့ပတ်သက်သူဖြစ်နေတာကြောင့်
အကိုလေးဟုသာခေါ်လေသည်။ သူတို့အဖွဲ့ကို
ဒီအိမ်ကိုပို့ထားတဲ့ရက်ကနေစပြီး ခြံထဲမှာလဲ
နေ့ရောညပါ မသိမသာကင်းစောင့်နေကျပုံရသည်။
အထူးသဖြင့် ကိုယ်မို့ခြံထဲဆင်းပြီဆိုတာနဲ့
ကိုယ့်အနီးအနားမှာ လူတစ်ယောက်မဟုတ်
တစ်ယောက်က အရိပ်အကဲကြည့်ပြီးနေကျမြဲ။
ကြာတော့သူတို့ကိုအားနာပြီး ခြံထဲတောင်သိပ်
မဆင်းမိတော့ပေ။

ကိုယ်ကဘာကောင်ကြီးမှလည်းမဟုတ်ဘဲ
အခုလိုတွေလုပ်ပေးနေတာကိုမကြိုက်ပေမယ့်
သွားပြီးမပြောရဲ။တော်ကြာ မင်းအတွက်လိုလို့
လုပ်ပေးနေတာပေါ့ဆိုပြီး အဆူခံရမှာကိုကြိုသိ
နေသည်။

" ကိုလေးသက်ထက်ပန် ကျွန်တော့်ကိုဘာတွေ
များမေးမလို့လဲမသိဘူး "

" အော် ဟုတ်သား မေးချင်တာကိုမေ့သွားတယ်
ဒီလိုပါ ကိုလင်းမြတ်တို့ဆရာက ကျွန်တော့်ကို
ဖုန်းဆက်လာတယ်၊ သူကအသက်အန္တရာယ်ရှိတဲ့
အလုပ်ကိုသွားလုပ်ရမှာဆိုတော့ ဘေးကင်းဖို့
ဆုတောင်းပေးဦးတဲ့လေ "

ကိုလင်းမြတ်ဆီကနေ ကိုယ်သိချင်တာတွေကို
နည်းနည်းလောက်ဖြစ်ဖြစ်သိရဖို့အတွက်
စကားကိုပိုပိုသာသာလေးပြောလိုက်သည်။
ဒီတိုင်းစီးပွားရေးလုပ်နေတဲ့သူတစ်ယောက်က
တပည့်တပမ်းတွေအများကြီးနဲ့ခြံရံနေတာ
နည်းနည်းတော့ထူးဆန်းနေတယ်မဟုတ်
ဘူးလား ။

My Husband Hates Me ( Completed )Onde as histórias ganham vida. Descobre agora