Part - 27 ( Unicode)

32.1K 1.7K 67
                                    

အပိုင်း - ၂၇



" မင်းကို ငါကိုယ်တိုင်လည်လှီးပေးမယ်လို့ ကတိပေး
ထားတယ်လေ ၊ ကျန်တဲ့ကတိကိုငါမတည်နိုင်ပေမယ့်
ဒီကတိကိုတော့ငါတည်ချင်လို့ပါ "

စကားဆုံးတဲ့အချိန် ဘယ်ဘက်လည်တိုင်ကိုထိုးစိုက်ထား
သည့်ဓားက ညာဘက်လည်တိုင်ဆီရောက်သွားပြီး
လူဇော်လဲအသက်မဲ့သွားလေတော့သည်။

" ကောင်းရားသုဂတိကို -ီးမှမလားပါစေနဲ့လူဇော်ရာ"

ပြောရင်းနဲ့ ထိုအသက်မဲ့ သွားသူရှိနေတဲ့ထိုင်ခုံကို
စောင့်ကန်လိုက်သောအခါသွေးအိုင်ထဲကအလောင်း
ကောင်ကြီးသည် ထက်မြတ်ဦးရဲ့ခုံအရှေ့ကိုကျသွား
ရလေတော့သည်။

" အား!! မလာနဲ့ မလာနဲ့လို့ "

*
*
*
*
*
*
*
*

❗ဤအပိုင်းတွင် သွေးထွက်သံယိုဖြစ်ခြင်းအရေးအသား
များပါဝင်ကြောင်း ကြိုတင်အသိပေးသည်။❗

" ကြောက်လား ဒါမျိုးတွေကိုမြင်ရတာကြောက်စိတ်
ဝင်မိလား "

ပြောရင်းနဲ့ သွေးအိုင်ထဲမှာလဲကျရင်းအသက်ပျောက်နေ
သည့်လူဇော်ရဲ့ ပခုံးတစ်ဖက်ကနေဆွဲလှန်လိုက်ပြီး
ပလက်အနေအထားဖြစ်စေလိုက်သည်။ အဆမတန်
ခံစားရပြီးမှ အသက်ထွက်သွားရသူမှန်းသိသာရလောက်
အောင်ပင်သွေးချင်းနီရဲနေသည့်မျက်နှာက မျက်လုံးအပြူး
သားနှင့်ကြောက်စရာကောင်းလှ၏ ။

" သွား သွားလို့ငါနားမလာနဲ့ အားးးးး မလာနဲ့
မလာပါနဲ့ "

ထက်မြတ်ဦးရဲ့ သွေးရူးသွေးတန်းအော်ဟစ်သံတို့က
ကျယ်လောင်လွန်းလှသည်။

" ကြည့်စမ်း သေသေချာချာကြည့်ထား မင်းရော
သူ့လိုပဲသေချင်လား သူအခုသေသွားရသလိုမျိုးပေါ့ "

" မလာနဲ့လို့ ထွက် ထွက်သွား အားးးးး ကယ်ကျပါဦး
ကယ်ကျပါဦးဗျာ ဒီမှာလူသတ်နေပါတယ် အားးးး"

အသိစိတ်လွတ်နေပြီဖြစ်တဲ့ ထက်မြတ်ဦးရဲ့အရှေ့မှာတင်
လူဇော်ရဲ့မျက်လုံးတစ်ဖက်ကိုဓားနဲ့ကော်ထုတ်
ပြလိုက်ပြီးမှာ နားရွက်တစ်ဖက်ကိုလည်း ဓားနဲ့လှီးထုတ်
ပစ်လိုက်သည်။ နောက်ထပ်ခန္ဓာအစိတ်အပိုင်းတွေကိုလည်း
ဖြေးဖြေးနဲ့အေးအေးလေး ဖယ်ထုတ်ပြနေသည့်
အခါ အကြောက်လွန်သွားသည့်အဆင့်ကိုရောက်နေပြီ
ဖြစ်သည့် ထက်မြတ်ဦးကတော့ ထိုအရာတွေကို
အသိစိတ်မဲ့နေသည့်မျက်လုံးတွေနဲ့ငေးကြည့်နေရင်း
ခဏကြာမှာတော့

My Husband Hates Me ( Completed )Where stories live. Discover now